ကင်မရာမပါပဲ ဗွီဒီယို ဖန်တီးခြင်း

 

မကြာခင် နှစ်တွေမှာ ဖန်တီးခဲ့ကြတဲ့ အကောင်းဆုံး ထောက်ခံလှုပ်ရှားမှု ဗွီဒီယို တချို့ဟာ ကင်မရာ မပါပဲ ဖန်တီးခဲ့ကြတာ ဖြစ်တယ်။ Avaaz  က ဖန်တီးတဲ့ သုံး-မိနစ်ကနေ လေး-မိနစ်စာ ဗွီဒီယိုတွေဟာ YouTube လို ဗွီဒီယို ဝေမျှနိုင်တဲ့ ကွန်ရက်စာမျက်နှာတို့ကတဆင့် တကမ္ဘာလုံးမှာ ရှိတဲ့ ပရိသတ်ကြီးဆီ ရောက်ရှိသွားတယ်။

အဲဒီနည်းလမ်းကို အထူး ထောက်ခံ အားပေးနေတဲ့ ပုဂ္ဂိုလ်တွေကတော့ ဆာမီဘင်ဂါဘီယာနဲ့ သူ့ရဲ့ လုပ်ဖော်ဆောင်ဖက် အာစထရူဘာ တို့ပဲ ဖြစ်ကြတယ်၊ သူတို့ဟာ ရှိထားတဲ့ ရုပ်ရှင်ကား၊ ရောစပ်တဲ့ နည်းပညာတွေ၊ ရုပ်ပုံတွေ၊ animation နဲ့ screen captures နည်းတွေကို အသုံးပြုပြီး တူနီးရှားမှာ ဖြစ်ပျက်တဲ့ လူ့အခွင့်အရေး ထောက်ခံလှုပ်ရှားမှုကို အဓိကထားတဲ့ ဗွီဒီယိုတွေကို ပြုလုပ်ဖို့  'mash-ups' ကို ဖန်တီးခဲ့ကြတယ်။ YouTube နဲ့ တခြား ဗွီဒီယို ဝေမျှနိုင်တဲ့ ကွန်ရက် စာမျက်နှာတွေဟာ အဲဒီအချိန်မှာ တူနီးရှားမှာ ပိတ်ဆို့ခံထားရတယ်၊

ဆာမီ အနေနဲ့ အစဉ်အလာနည်းတွေကို အသုံးပြုတဲ့ စည်းရုံးလှုပ်ရှားမှုတွေကို စိတ်မ၀င်စားတဲ့ လူငယ်တွေကို လက်လှမ်းမီနိုင်ဖို့ ဗွီဒီယိုနည်းဟာ ထိရောက်တဲ့ နည်းလမ်းကောင်း တခု ဖြစ်တယ်လို့ ခံယူထားတယ်၊ ဒါကို သက်သေပြတဲ့အနေနဲ့ သူ့ရဲ့ YouTube channel  မှာ ရှိတဲ့ မှတ်ချက်တွေကို သူ ပြသပေးတယ်။

အာစထရူဘာ က ဖန်တီးခဲ့တဲ့ ထူးခြားမှု အရှိဆုံး ဗွီဒီယိုတွေထဲက တခုကတော့ တူနီးရှား ပြည်သူတွေက အခွန်ပေးဆောင်တဲ့ ငွေကြေးနဲ့ သမ္မတ လေယာဉ်ကို တရားမ၀င် ဈေးဝယ်တဲ့ ခရီးစဉ်တွေ၊ အားလပ်ရက်တွေအတွက် အသုံးပြုနေတာကို Google Earth ကို အသုံးပြုပြီး ခြေရာခံနိုင်ခဲ့တာဖြစ်တယ်။
 

ပွင့်လင်း/အခမဲ့တဲ့ အကြောင်းအရာကို ရှာဖွေခြင်း
 

ပြန်လည် အသုံးပြုနိုင်တဲ့ ဗွီဒီယိုကို Creative Commons website ကတဆင့် ပွင့်လင်းတဲ့ အကြောင်းအရာ လိုင်စင်ခွင့်ပြုချက်နဲ့ ရှာဖွေရယူနိုင်တယ်။

လက်ဝယ် ရှိထားတဲ့ ရုပ်ပုံတွေကို သုံးတဲ့ ဗွီဒီယို ဖန်တီးနည်း သိကောင်းစရာများ -
  • လူသိများတဲ့ icons တွေ (သို့) ရေပန်းစားတဲ့ ယဉ်ကျေးမှု နယ်ပယ်မှာ လွှမ်းမိုးမှုရှိတဲ့ ရုပ်ပုံတွေကို အသုံးပြုပါ။
  • ရိုးရှင်းပြီး ထိရောက်မှု ရှိတဲ့ ဗွီဒီယိုကို ဖန်တီးရာမှာ စားပွဲတင် ကွန်ပျူတာပေါ်မှာ သင် လုပ်ဆောင်နေတဲ့ အရာတွေကို screen capture လုပ်ပြီး မှတ်တမ်းယူထားဖို့ ဖြစ်တယ်။ ဒီနည်းနဲ့ Google maps (သို့) Google earth ကို အခြေခံပြီး တစုံတခုကို သင် တည်ဆောက်နိုင်မှာ ဖြစ်တယ်၊ အဲဒီနောက် ဆော့ဗ်ဝဲကို သက်ဝင်လှုပ်ရှားစေနိုင်တယ်။ ဒါတွေကို ဖန်တီးနိုင်တဲ့ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် option ကတော့ CamStudio ပဲ ဖြစ်တယ်။
  • ဆာမီက QuickTime Pro ကို အသုံးပြုဖို့ အကြံပြုထားတယ်၊ အဲဒါကို အသုံးပြုပြီး ရုပ်ပုံတွေကို copy paste လုပ်ရုံနဲ့ ဖြစ်ဖြစ်၊ စာသားနဲ့ filters တွေကို ထည့်သွင်းလိုက်ရုံနဲ့ဖြစ်ဖြစ် အလွယ်တကူ သက်ဝင်လှုပ်ရှားလာအောင် ဖန်တီးယူနိုင်တယ်။
  • ပစ်မှတ်ထားတဲ့ ပရိသတ်တွေဖက်က အင်တာနက်ဟာ နှေးကွေးနေတယ် ဆိုရင်၊ ဗွီဒီယိုတွေထဲက ဇာတ်ညွှန်း စာသားတွေကို ပိုပြီး သုံးစွဲနိုင်တယ်၊ ဖိုင်ကို ငယ်သွားအောင် compression စနစ်ကို အသုံးပြုပါ။ (ဗွီဒီယို ထုတ်ပြန်ပေးတဲ့ ကိရိယာတွေ အကြောင်း ဆက်လက် ဖတ်ရှုရန်)။