Links များ

 

Make Internet TV
Make Internet TV ဟာ ဗွီဒီယိုကို အင်တာနက်ကနေ ဖန်တီးပြီး ထုတ်ပြန်ရာမှာ ပါဝင်တဲ့ နည်းအဆင့်ဆင့် ပါရှိတဲ့ လမ်းညွှန်ချက် တခု ဖြစ်တယ်။ ဒီကွန်ရက် စာမျက်နှာမှာ အင်တာနက်ကနေ ဗွီဒီယို ရိုက်ကူးနည်း၊ တည်းဖြတ်နည်း၊ လိုင်စင် ခွင့်ပြုချက် ပြုလုပ်နည်း၊ ချုံ့နည်း၊ တင်ပို့နည်းနဲ့ ကြော်ငြာထည့်နည်းတွေ ပါဝင်တယ်၊ အဲဒီ အကြောင်းအရာတွေကို screenshots တွေ၊ ဓါတ်ပုံတွေ၊ screencasts တွေ၊ ရုပ်ကားချပ်တွေ၊ စာတမ်းတွေအပြင် တခြားအရာတွေနဲ့ ပုံဖေါ်ပေးတယ်။

Witness
Witness ဟာ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ အတူတကွ လက်တွဲ လုပ်ဆောင်ပြီး၊ မှတ်တမ်းတင် ဗွီဒီယိုကား ဖန်တီးရာမှာ၊ ပြင်ဆင်ပြောင်းလဲမှု ဖန်တီးရာမှာ အသုံးပြုဖို့ သင်ကြားပို့ချပေးတယ်။ ဒီကွန်ရက် စာမျက်နှာပေါ်မှာ စည်းရုံးလှုပ်ရှားရေး သတင်းတွေကို တင်ပို့ပေးတယ်၊ လူထုရဲ့ ပါဝင်မှုကို အထောက်အပံ့ ပေးတဲ့ ပုံစံ၊ စေတနာနဲ့ ပါဝင်လုပ်ဆောင်တဲ့ ပုံစံနဲ့ ဖိတ်ခေါ်ထားပြီး၊ တန်ဖိုးရှိတဲ့ သင်ကြားရေး ပစ္စည်းနဲ့ ထောက်ခံ လှုပ်ရှားမှုမှာ သုံးစွဲမဲ့ ဗွီဒီယို အရင်းအမြစ်တွေ ပါဝင်တယ်။ သူ့ရဲ့ ပရိုဂျက်ခွဲ ဖြစ်တဲ့ The Hub က ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေး ဗွီဒီယိုတွေနဲ့ စည်းရုံး လှုပ်ရှားမှုတွေကို တင်ဆက်ပေးတယ်။

EngageMedia
ပတ်ဝန်းကျင် ပြဿနာတွေနဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေကို ဖြန့်ဝေပေးတဲ့ ဗွီဒီယို ဝေမျှရေး ကွန်ရက် စာမျက်နှာ တခု ဖြစ်တယ်။ ဒီနေရာဟာ အရေးပါတဲ့ မှတ်တမ်းမှတ်ရာ၊ စိက်ကူးယဉ်၊ အနုပညာနဲ့ လက်တွေ့ လုပ်ငန်းတွေကို လွှင့်တင်ပြီး ရှာဖွေနိုင်တဲ့ နေရာတခု ဖြစ်တယ်။

Transmission
ဟာ နိုင်ငံသား သတင်းထောက်တွေ၊ ဗွီဒီယို ဖန်တီးသူတွေ၊ ပန်းချီဆရာတွေ၊ သုတေသီတွေ၊ ပရိုဂရမ်သမားတွေ၊ လူမှု တရားမျှတရေးနဲ့ မီဒီယာ ဒီမိုကရေစီအတွက် အွန်လိုင်း ဗွီဒီယို ဖြန့်ဝေတဲ့ ကိရိယာတွေကို တည်ဆောက်နေကြတဲ့ အင်တာနက် ထုတ်လုပ်တဲ့သူတွေ ပါဝင်ပြီး စုပေါင်း ဖွဲ့စည်းထားတဲ့ ကွန်ရက် တခု ဖြစ်တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ လိုအပ်တဲ့ ကိရိယာတွေ၊ စံညွှန်းတွေ၊ မှတ်တမ်းမှတ်ရာတွေနဲ့ လူမှု ဆက်ဆံရေး ကွန်ရက်တွေကို တည်ဆောက်ပြီး လွတ်လပ်တဲ့ (FLOSS ကို အသုံးပြုပြီး) အွန်လိုင်း ဗွီဒီယို ဖြန့်ဖြူးရေးကို ဖြစ်မြောက်အောင် ဖန်တီးလုပ်ဆောင်ဖို့ ဖြစ်တယ်။

The Video Activist Network
Video Activist Network (VAN) ဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေး အသိအမြင် နှိုးကြားတဲ့ ပန်းချီဆရာတွေက လှုမှုရေး၊ စီးပွားရေးနဲ့ ပတ်ဝန်းကျင် တရားမျှတရေး စည်းရုံးလှုပ်ရှားမှုတွေကို ဗွီဒီယို အသုံးပြုပြီး ပံ့ပိုးပေးဖို့ ဖွဲ့စည်းထားတဲ့ အလွတ်သဘောဆောင်တဲ့ အသင်းအဖွဲ့ တခု ဖြစ်တယ်။ ဒီကွန်ရက် စာမျက်နှာဟာ ဗွီဒီယိုတွေ၊ ရုပ်ရှင် ပြသတဲ့ အခမ်းအနားတွေ၊ အသုံးဝင်တဲ့ နည်းပြစာအုပ်တွေ၊ သုံးစွဲနည်း လမ်ညွှန်ချက်တွေနဲ့ ဗွီဒီယို တက်ကြွလှုပ်ရှားမှုနဲ့ ပါတ်သက်တဲ့ တခြား ပစ္စည်းကိရိယာတွေ၊ အင်တာနက်ပေါ်မှာ ရရှိနိုင်တဲ့ တခြား ဗွီဒီယို တက်ကြွလှုပ်ရှားမှု အရင်းအမြစ်တွေရဲ့ links တွေကို စုစည်းထားတဲ့ နေရာတခု ဖြစ်တယ်။

Floss Manuals
FLOSS Manuals ဟာ အခမဲ့ ဆော့ဗ်ဝဲနဲ့ ပါတ်သက်တဲ့ အခမဲ့လက်စွဲတွေကို ပံ့ပိုးပေးတဲ့ ကွန်ရက် စာမျက်နှာ တခု ဖြစ်တယ်။ လက်စွဲထဲမှာ အသုံးဝင်မဲ့ ဆော့ဗ်ဝဲ၊ လိုင်စင်ခွင့်ပြုချက် အရ အခမဲ့ ဒေါင်းလုဒ် လုပ်နိုင်ပြီး သုံးစွဲနိုင်တဲ့ ဆော့ဗ်ဝဲတွေကို မိတ်ဆက်ပေးထားတယ်။ ဒီလို ဆော့ဗ်ဝဲ အတော်များများဟာ အတော်လေး ရှုပ်ထွေးမှု ရှိတယ်၊ ဒါပေမဲ့ အခြေခံတွေကို နားလည်နိုင်ဖို့ အတော်လေး လွယ်ကူပါတယ်။

Streaming Suitcase
Streaming Suitcase ဟာ stream လုပ်တဲ့နည်းကို လေ့လာချင်တဲ့ သူတွေအတွက် အရင်းအမြစ် တခု ဖြစ်တယ်။ ပစ္စည်းကိရိယာကို Creative Commons အောက်မှာ ခွင့်ပြုချက် တင်ထားပြီး၊ လွတ်လွတ်လပ်လပ် ဒေါင်းလုဒ် လုပ်နိုင်တယ်၊ ဖြန့်ဖြူးနိုင်တယ်။ လက်စွဲ အားလုံးကို အွန်လိုင်းနဲ့ ရယူနိုင်ပြီး၊ PDF ဖိုင်တွေနဲ့ ဖြစ်ဖြစ်၊ ပုံနှိုပ်ထုတ်ဝေလို့ ရတဲ့ format နဲ့ ဖြစ်ဖြစ် ဒေါင်းလုဒ် လုပ်နိုင်တယ်။ လက်စွဲတွေကို ပုံမှန် မွမ်းမံနေကြတဲ့အတွက် မွမ်းမံချက်တွေကို ပုံမှန် စစ်ဆေးပါ။ သင့် ကိုယ်ပိုင် ကွန်ရက် စာမျက်နှာရဲ့ ဘောင်တခုခုထဲမှာ လက်စွဲ စာမျက်နှာကို ထည့်သွင်းနိုင်တယ်။

Linux Multimedia Resources
Usinglinux.org ဟာ အင်တာနက်မှာ ရရှိနိုင်တဲ့ Linux ရဲ့ အရင်းအမြစ် အမျိုးမျိုးကို ချိတ်ဆက်ထားတဲ့ links အစုအစည်း တခု ဖြစ်တယ်။ links တွေကို အမျိုးအစား အလိုက် ခွဲထားတဲ့ စာရင်းရှည်ကြီးထဲမှာ ဖေါ်ပြထားတယ်။ multimedia လို့ ခေါ်တဲ့ ရုပ်သံကဏ္ဍစုံ အရင်းအမြစ် စာမျက်နှာထဲမှာ ရုပ်သံကဏ္ဍစုံ ဆော့ဗ်ဝဲ ပရိုဂျက်တွေနဲ့ ပါတ်သက်တဲ့ links တွေ အပြည့်အစုံ ပါရှိတဲ့ စာရင်းတခု ပါရှိတယ်။ ဒီကွန်ရက် စာမျက်နှာထဲမှာလည်း နည်းပြစာအုပ်တွေနဲ့ စာတမ်းတွေလို Linux ရဲ့ တခြား အထွေထွေ အရင်းအမြစ်တွေနဲ့ ချိတ်ဆက်ထားတဲ့ links တွေ ပါရှိတယ်။

Linux in Film
Linux in Film ဟာ Wikibooks ပရိုဂျက် တခုဖြစ်ပြီး ဗွီဒီယို ထုတ်လုပ်မှု အတွက်၊ ရုပ်ရှင် အစီအစဉ်နဲ့ အသုံးစရိတ် သတ်မှတ်တာက အစ အင်တာနက်၊ VCD နဲ့ DVD တို့လို မီဒီယာ အမျိုးမျိုးကို စီမံ ပြုလုပ်တဲ့အထိ အသုံးဝင်တဲ့ ကိရိယာတွေ၊ အရင်းအမြစ်တွေရဲ့ links တွေကို စာရင်း ပြုစုပေးတယ်။ အဲဒီ အထဲမှာ Linux ကို ရုပ်ရှင် ထုတ်လုပ်ရေးအတွက် အသုံးပြုခဲ့ကြတဲ့ ကျွမ်းကျင်သူ ရုပ်ရှင် ရိုက်ကူးရေးသမားတွေနဲ့ တခြား Linux ရုပ်သံကဏ္ဍစုံ အရင်းအမြစ်တွေနဲ့ ပါတ်သက်တဲ့ စိတ်ဝင်စားစရာ links တွေ အများအပြား ပါရှိတယ်။

dyne:bolic
dyne:bolic ဟာ မီဒီယာ တက်ကြွလှုပ်ရှားသူတွေ၊ ပန်းချီဆရာတွေနဲ့ တီထွင်ကြံဆတတ်တဲ့ ပုဂ္ဂိုလ်တွေအတွက် လက်တွေ့ကျတဲ့ ရုပ်သံကဏ္ဍစုံ ထုတ်လုပ်ရေး ကိရိယာ တခု ဖြစ်တယ်။ အသံနဲ့ ဗွီဒီယို နှစ်ခု စလုံးကို စီမံပြီး ထုတ်လွှင့်နိုင်ဖို့၊ မှတ်တမ်းတင်ဖို့၊ တည်းဖြတ်ဖို့၊ encode လုပ်ဖို့၊ stream လုပ်မဲ့ ကိရိယာတွေကို ရှာဖွေဖို့ အထောက်အကူ ပေးမှာ ဖြစ်တယ်။ ကိရိယာတွေနဲ့ အရံပစ္စည်းတွေ - အသံ၊ ဗွီဒီယို၊ TV ၊ network cards ၊ Firewire ၊ USB နဲ့ တခြားကိရိယာတွေ - ကို အလိုအလျောက် မှတ်မိနိုင်တယ်။ ဒီကိရိယာတွေအားလုံးဟာ အခမဲ့ ဆော့ဗ်ဝဲတွေ ဖြစ်ကြတယ်။