ဗွီဒီယို ဘလော့ဖန်တီးမှု ဆန်းစစ် လေ့လာချက်များ
 

မိုးသစ်တော လှုပ်ရှားမှု ကွန်ရက်ရဲ့ Greenwash ရက်သတ္တပတ် (ရယ်စရာကောင်းတယ် & အချက်အလက် စုံလင်တယ်) 

အပတ်တိုင်း၊ မိုးသစ်တော လှုပ်ရှားမှု ကွန်ရက် ဟာ ကမ္ဘာတ၀ှမ်းက အဆိုးရွားဆုံး ညစ်ညမ်းမှု ဖြစ်စေတဲ့ စီးပွားရေး လုပ်ငန်းတွေ တချို့ဆီကနေ စိုးရိမ်စရာ အကောင်းဆုံး Greenwash နည်းနာတွေကို အသားပေး တင်ဆက်တဲ့ ဗွီဒီယို ဘလော့ဂ် တခုကို ဖန်တီးခဲ့ကြတယ်။ (ဆက်လက် လေ့လာဖို့ Understory ဘလော့ဂ်ကို ဖတ်ရှုပါ)
 

တိဘက် အုံကြွမှု (အချိန်တိုက် လှုပ်ရှားမှု-အဓိကထားတယ်)

အိန္ဒိယနိုင်ငံမှာ နေထိုင်ကြတဲ့ တိဘက်လူမျိုးတွေက ပုံမှန် ဗွီဒီယိုတွေကို လွှင့်တင်ထားတဲ့ ဘလော့ဂ်တခု ဖြစ်တဲ့ တိဘက် အုံကြွမှု ထဲမှာ ၂၀၀၈ အိုလံပစ် မတိုင်မီ ဘေဂျင်းမှာ တိဘက်ပြည်သူတွေရဲ့ အုံကြွ လှုပ်ရှားမှု အစိတ်အပိုင်း တခု အနေနဲ့ တိဘက်ကို ချီတက်သွားကြတဲ့ လှုပ်ရှားမှုတွေကနေ စတင်ပြီး၊ တိဘက် ပြည်ထဲက အကြမ်းဖက်မှုနဲ့ ဖြိုခွင်းမှု ရုပ်ရှင်ကားတွေ အထိ နေ့စဉ် မွမ်းမံချက်တွေကို စုဆောင်း တင်ပြနေကြတယ်။ ဒီဘလော့ဂ်ထဲမှာ ပါတဲ့ ဗွီဒီယိုတွေဟာ ဓါတ်ပုံတွေ၊ အသံတွေနဲ့ နေ့စဉ် မွမ်းမံချက်တွေ၊ သုံးသပ်ချက်တွေနဲ့အတူ ပုံမှန် အခန်းကဏ္ဍ တခုအဖြစ် ပါဝင်နေတယ်။
 

လွတ်လပ်တဲ့ မြို့ထဲက အကျဉ်းသားများ

ဘေဂျင်းမှာ နေထိုင်တဲ့ လူ့အခွင့်အရေးသမားနဲ့ ဘလော့ဂါ တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ဟူဂျီယာနဲ့ ဇင်ဂျင်းရန် တို့ဟာ၊ လွတ်လပ်တဲ့ မြို့ထဲက အကျဉ်းသားများ လို့ခေါ်တဲ့ 'Prisoners in Freedom City' ထဲမှာ ဟူဂျီယာရဲ့ နေအိမ် အကျယ်ချုပ် အချိန်ကာလ အကြောင်းကို မှတ်တမ်းတင်ထားကြတယ်၊ အဲဒီ အိမ်မှာ နေထိုင်ခဲ့တဲ့အချိန်မှာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် မလုပ်ဖို့ တားမြစ်ခံခဲ့ရတယ်။ ဟူဂျီယာဟာ 'ပြည်နယ်အစိုးရကို ဖြိုချကြစို့' ဆိုတဲ့ လှုံ့ဆော်ချက်ကြောင့် အကျဉ်းထောင်ထဲမှာ သုံးနှစ်ခွဲ အပြစ်ဒဏ် စီရင်ခြင်း ခံခဲ့ရတာ ဖြစ်တယ်။ သူဟာ HIV/AIDS ဝေဒနာသည်တွေရဲ့ အခွင့်အရေးတွေ၊ ဘာသာရေး လွတ်လပ်ခွင့်နဲ့ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ရေး အပြင်၊ ပတ်ဝန်းကျင်ဆိုင်ရာ၊ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး တို့အတွက် မကြာခဏ စည်းရုံးလှုပ်ရှားခဲ့တယ်။

ဟူဂျီယာ အကြောင်း အသေးစိတ် ဗွီဒီယို အချက်အဆက်
 

မဇ္ဈိမ သတင်းဌာန (သတင်းစုံလင်)

မဇ္ဈိမ သတင်းဌာန ဟာ ၁၉၉၈ ခုနှစ် သြဂုတ်လမှာ မြန်မာပြည်တွင်းက အခြေအနေနဲ့ မြန်မာပြည်တွင်းမှာ ဒီမိုကရေစီနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ရရှိဖို့၊ ပြည်တွင်း၊ ပြည်ပ သတင်းအချက်အလက် စီးဆင်းမှုကို ထောက်ခံ စည်းရုံးမှုဖြင့် မြှင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ပြည်ပရောက် မြန်မာ့ သတင်းထောက် အဖွဲ့တဖွဲ့က တည်ထောင်ခဲ့တာ ဖြစ်တယ်။ မဇ္ဈိမရဲ့ တင်ပို့ချက်တွေထဲမှာ ဗွီဒီယိုကို နေ့စဉ် ထည့်သွင်းထားပြီး သတင်းငတ်မွတ်နေတဲ့ မြန်မာပြည်ရဲ့ သတင်းတွေကို အပြည်ပြည်ဆိုင်ရာ လူ့အသိုင်းအ၀ိုင်းတွေက အာရုံစိုက်လာအောင် လုပ်ဆောင်ပေးတဲ့ ပြုတင်းပေါက် တခု သဖွယ် ရပ်တည်နေတယ်။
 

ဘက်ဒက်မြို့မှာ သက်ရှင်နေထိုင်ခြင်း

ဘက်ဒက်မြို့မှာ သက်ရှင်နေထိုင်ခြင်းဟာ ဘက်ဒက်မြို့ထဲက လက်တွေ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေကို ကမ္ဘာ့ ပြည်သူတွေထံ အပတ်စဉ် ဗွီဒီယို တကားကို ပေးပို့ပေးနေတယ်။ အီရတ် သတင်းထောက်တွေဟာ အီရတ်နိုင်ငံထဲက နေ့စဉ် ဘ၀နဲ့ ပါတ်သက်တဲ့ အကြောင်းအရာ အမျိုးမျိုးကို၊ အီရတ် လူမျိုး တဦးချင်ဆီကနေ သက်သေခံချက်တွေ၊ အီရတ်နိုင်ငံထဲက နေ့စဉ် အသက်ရှင်မှု အကြောင်း ရုပ်ရှင်ကားနဲ့၊ သတင်း အတိုအထွာတွေကို အသုံးပြုပြီး ဗွီဒီယို အစီအစဉ်တွေကို အပတ်စဉ် ပြုလုပ်နေကြတယ်။

 

ဗွီဒီယို ရှာဖွေခြင်း & ပြသခြင်း
 

အခုအခါမှာ သင့်ရဲ့ အကြောင်းအရာကို ထုတ်ပြန်ထားလိုက်ပါပြီ။ လူထုဆီ ထုတ်လွှင့်လိုက်ပြီ ဖြစ်တဲ့အတွက် လူထုက ရှာဖွေပြီး ကြည့်ရှုဖို့ လိုတော့တယ်။ သင့်ရဲ့ ကွန်ရက် စာမျက်နှာပေါ်မှာ လွှင့်တင်ပြီး ကြည့်ရှုနိုင်တယ်၊ သူတို့ဟာ သင့်ရဲ့ ဗွီဒီယို podcastfeed မှာ စာရင်းသွင်းနိုင်တယ် (သို့) သူတို့ ဒေါင်းလုဒ် လုပ်ထားတဲ့ ဗွီဒီယိုတွေကို VLC လို အခမဲ့ ဆော့ဗ်ဝဲတွေ သုံးပြီး ကြည့်ရှုနိုင်တယ်။ ဒီကိရိယာထဲမှာ Miro ကို အသုံးပြုပြီး ဗွီဒီယို podcasts တွေကို စာရင်းသွင်းနိုင်တဲ့ နည်းကို တွေ့ရှိနိုင်တယ် (ဆက်လက် ဖတ်ရှုရန်)။

အွန်လိုင်းမှာ သန်းနဲ့ချီတဲ့ ဗွီဒီယိုတွေ အများအပြား ရှိနေကြပြီး နေ့တိုင်း ထောင်နဲ့ ချီပြီး တင်ပို့နေကြတယ်။ လူတွေက စိတ်ဝင်တစား ရှာဖွေနေကြတဲ့ အကြောင်းအရာတွေကို ဘယ်လို သိရှိနိုင်မလဲ။ ဒီဟာ လူအများရဲ့ ပြဿနာ တခုဖြစ်နေပြီး ဒီ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေကြပြီ ဖြစ်တယ်။

အောက်မှာ ပါရှိတဲ့ အရင်းအမြစ်တွေဟာ ကိုယ်ပိုင် ရုပ်ရှင်ကားထဲမှာ အသုံးပြုနိုင်ဖို့ ဗွီဒီယိုတွေကို ရှာဖွေရာမှာ၊ အရင်းအမြစ် အမျိုးမျိုးထဲက ဗွီဒီယိုတွေကို စုပေါင်းပြီး စည်းရုံးလှုပ်ရှားနေတဲ့ အရေးအခင်းရဲ့ ရုပ်ပုံလွှာကို ပိုမို ကျယ်ပြန့်လာအောင် အထောက်အကူ ပေးမှာ ဖြစ်တယ်။

ဗွီဒီယိုကို စုပေါင်းခြင်း


Miro Player ဟာ ဗွီဒီယို feeds တွေကို စာရင်းသွင်းပြီးတဲ့အခါ အကြောင်းအရာတွေ ရှိနေတဲ့ လမ်းကြောင်းတွေကို ရှာဖွေပေးတဲ့ နည်းလမ်း တခု ဖြစ်တယ်။ Miro ဟာ aggregator လို့ ခေါ်တဲ့ စုစည်းပေးတဲ့ ကိရိယာ ဖြစ်တဲ့အတွက် တခြား ကွန်ရက်စာမျက်နှာ အမျိုးမျိုးမှာ ရှိတဲ့ ဗွီဒီယိုတွေကို တနေရာထဲမှာ စုစည်းပေးနိုင်တယ်။ Miro ဟာ နာမည်ကြီးတဲ့ ကွန်ရက်စာမျက်နှာတွေပေါ်က ဗွီဒီယိုတွေကို ဖန်တီးသူ၊ ခေါင်းစဉ်၊ keyword အလိုက် ရှာဖွေပြီး ဒေါင်းလုဒ် လုပ်ပေးနိုင်တယ်။

အကယ်လို့ လူတွေဟာ သူတို့ရဲ့ ဗွီဒီယိုထဲမှာ ဗွီဒီယို အကြောင်းအရာနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို အလုံအလောက် ထည့်သွင်းထားတယ် ဆိုရင်၊ အဲဒါတွေကို သင် အလွယ်တကူ ရှာတွေ့နိုင်မှာ ဖြစ်တယ်။

သင် နေထိုင်တဲ့ နေရာဒေသမှာ စိတ်ဝင်စားကြတဲ့ ရုပ်ရှင်တွေကို YouTube နဲ့ Google Video တွေလို ဗွီဒီယို တင်ပို့နိုင်တဲ့ နေရာတွေမှာ ရှာဖွေနိုင်တယ်။ အခကြေး မယူတဲ့ ဗွီဒီယို ထုတ်လုပ်သူတွေဆီ သွားရောက် လည်ပတ်နိုင်တယ်၊ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းကိရိယာ အစုံအလင်ကို သင် တွေ့ရှိနိုင်တယ် (hosting & domains အခန်းကို ဆက်လက် ဖတ်ရှုပါ)။

အသစ်ပေါ်ပေါက်လာတဲ့ ဗွီဒီယို ဝေမျှရေး ကွန်ရက် စာမျက်နှာတွေမှာ ကွန်ရက် တခုချင်းကို ကြည့်ရှုလို့ ရမှာ မဟုတ်ဘူး။ အခုခေတ် ဗွီဒီယို ကွန်ရက် စာမျက်နှာ အများစုမှာ Miro ထဲမှာ စုစည်းနိုင်တဲ့ RSSfeed ဖြစ်ဖြစ်၊ Google Reader, Sage, Bloglines တွေလို RSS reader တခုခု ပါရှိကြမှာ ဖြစ်တယ်။

အင်တာနက်မှာ စိတ်ဝင်စားစရာ အကောင်းဆုံး ဗွီဒီယိုတွေကို အတူတကွ စုစည်းပေးတဲ့ 'Video Feed Aggregators' ကိုလည်း အသုံးပြုနိုင်တယ်၊ ဗွီဒီယို ထုတ်လွှင့်ပေးတဲ့ ကွန်ရက် စာမျက်နှာတွေမှာ ရှိတဲ့ အကြောင်းအရာကို ရှာဖွေပေးပြီး၊ အဲဒါတွေကို အင်တာနက် browser တနေရာထဲမှာ စုစည်းလာစေတယ်။ Transmission နဲ့ IFIwatch.tv တို့လို ကွန်ရက် စာမျက်နှာတွေဟာ အရေးပါတဲ့ မီဒီယာ feeds တွေကို ဆွဲဆောင်မှု ပေးပြီး၊ သင် ရှာဖွေတဲ့အတိုင်း တွေ့ရှိလာတဲ့ ရလဒ်တွေကို ဖေါ်ပြနိုင်အောင် အင်တာနက်ပေါ်က တွေ့ရှိနိုင်တဲ့ အကြောင်းအရာတွေ အားလုံးထဲမှာ ရှာဖွေပေးတယ်။

အကယ်လို့ သင့်မှာ ကိုယ်ပိုင် ကွန်ရက် စာမျက်နှာ တခုခု ရှိနေတယ် ဆိုရင်၊ သင် စည်းရုံးလှုပ်ရှားနေတဲ့ အရေးအခင်း အကြောင်း (သို့) သင့်ရဲ့ နေရာဒေသမှာ ရှိတဲ့ feeds တွေ အကြောင်းနဲ့ ပါတ်သက်တဲ့ တခြား လူတွေရဲ့ ဗွီဒီယိုတွေကို ပြသရာမှာ အသုံးပြုနိုင်တယ်။ Drupal (ဆက်လက် လေ့လာရန်) လို အကြောင်းအရာ စီမံခန့်ခွဲနိုင်တဲ့ ဆော့ဗ်ဝဲ (သို့) အခမဲ့ ဆော့ဗ်ဝဲ ကိရိယာကို သုံးပြီး ကိုယ်ပိုင် ဗားရှင်းကို တည်ဆောက်ဖို့ Planet ကို အသုံးပြုနိုင်တယ်။ အဲဒီနောက် သင် အလုပ်လုပ်တဲ့ နေရာဒေသ၊ စိတ်ဝင်စားတဲ့ အရာတွေနဲ့ ဆက်စပ်မှု ရှိတဲ့ ဗွီဒီယို ချာနယ် တခုခုကို ပြသနိုင်ဖို့ ဗွီဒီယို feeds တွေကို စုစည်းထားပါ။

Drupal အသုံးပြုနည်းနဲ့ ပါတ်သက်ပြီး အသေးစိတ် လေ့လာဖို့ ဒီနေရာကို နှိုပ်ပါ။