ရိုးရိုး သက်ဝင်ကာတွန်းများ


သက်ဝင်ကာတွန်း ဆိုတာ လူထုထောက်ခံမှု ရရှိအောင် ဆက်သွယ်ပေးတဲ့ အစွမ်းထက်တဲ့ ကိရိယာ တခု ဖြစ်တယ်၊ သင့်ရဲ့ ဇာတ်ကြောင်းတွေကို အသက်ဝင်လာစေပြီး သင့်ရဲ့ အယူအဆတွေကို မြန်မြန်ဆန်ဆန်နဲ့ ဆွဲဆောင်မှု ရှိအောင် တင်ဆက်ပေးနိုင်တယ်။ သက်ဝင်ကာတွန်းဟာ ကျယ်ပြန့်တဲ့ ဘာသာရပ် တခု ဖြစ်တယ် - ဒီလမ်းညွှန်ချက်ဟာ ထောက်ခံ စည်းရုံးလှုံ့ဆော်ရေးကို အထောက်အကူ ဖြစ်စေတဲ့ အခြေခံကျတဲ့ ကွန်ပျူတာ သက်ဝင်ကာတွန်းတွေကို အသုံးပြုတတ်ဖို့ ဖြစ်တယ် - ဒီအထဲမှာ ရှုပ်ထွေးတဲ့ flash (သို့) ကွန်ပျူတာ သက်ဝင်ကာတွန်းတွေ မပါဘူး။
 

သက်ဝင်ကာတွန်းဟာ ဘာကြောင့် ရိုးရိုးလေးဖြစ်ဖို့ လိုသလဲ


သတင်းစကားထဲမှာ သက်ဝင်နေတဲ့ ပုံရိပ်တခုကို သက်ဝင်ကာတွန်းက ထည့်သွင်းပေးနိုင်တယ်။ သက်ဝင်ကာတွန်းဟာ မျောနေတဲ့ စာတန်း (floating text) ပါတဲ့ စလိုက်ရှိုးပုံစံ (သို့) ဇတ်လမ်းတို ရုပ်ရှင်ကားပုံစံအတိုင်း အလုပ်လုပ်နိုင်တယ်။ အဆင်းအရောင်၊ ရွှေ့လျားမှု၊ အမူအရာတွေနဲ့ လှုပ်ရှားမှုတွေဟာ စာတန်းနဲ့ အစားထိုးလို့ မရပဲ ပွဲကြည့်ပရိသတ်ရဲ့ အာရုံကို ထိထိရောက်ရောက် ဆွဲဆောင်မှု ပေးနိုင်တယ်။ သက်ဝင်ကာတွန်းတွေဟာ ပရိသတ် အမျိုးမျိုးရဲ့ တုံ့ပြန်ချက်တွေ ပေးလာဖို့ နှိုးဆော်နိုင်တယ်၊ ယဉ်ကျေးမှု (သို့) ဘာသာစကားတွေနဲ့ ပါတ်သက်တဲ့ အတားအဆီးတွေကို ကျော်ဖြတ်ရာမှာလည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်တယ်။ သူတို့ သယ်ဆောင်တဲ့ သတင်းစကားတွေဟာ ပေါ့ပါးတယ်၊ စိတ်ဝင်စားစရာ ကောင်းတဲ့အပြင်၊ လေးနက်မှု ရှိပြီး အစွမ်းထက်တယ်။
 
  • ရိုးရိုး သက်ဝင်ကာတွန်းတွေဟာ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေအတွက် အတော်လေး သင့်တော်တယ် -
  • ပျော်စရာ ကောင်းတယ်။
  • ရုပ်ပုံတွေ (သို့) ဓါတ်ပုံတွေနဲ့ စာရင် ထိရောက်တဲ့ အာရုံစူးစိုက်မှုကို ရရှိစေနိုင်တယ်။
  • နေရာဒေသ အမျိုးမျိုးမှာ အသုံးပြုနိုင် ဝေမျှနိုင်ပြီး၊ အီးမေးလ် ပူးတွဲစာတွေ၊ ကွန်ရက် စာမျက်နှာပေါ်မှာ တင်ပို့နိုင်တယ် (သို့) လက်ကိုင်ဖုန်းက တဆင့် ဖြန့်ဝေနိုင်တယ်။
  • စာတမ်းငယ်ပုံစံ (Small banner) သက်ဝင်ကာတွန်းတွေဟာ ဘလော့ဂ် (သို့) စည်းရုံးလှုပ်ရှားမှုတွေကို ထုတ်ပြန်ကြော်ငြာတဲ့နေရာမှာ ထိရောက်မှု ရှိတယ် - သက်ဝင်လှုပ်ရှားတဲ့ စာတမ်းတခုကို ကွန်ရက် စာမျက်နှာပေါ်မှာ တင်ပို့ထားနိုင်သလို၊ တခြားသူတွေရဲ့ ကွန်ရက်စာမျက်နှာပေါ်တွေမှာ တင်ပို့ စေနိုင်တယ်။

GIF ဟာ သက်ဝင်ကာတွန်းကို ဖွင့်ကြည့်နိုင်တဲ့ အင်တာနက် စံနှုန်း တခု ဖြစ်တယ်။ အဲဒါကြောင့် သူ့ကို အင်တာနက် browsers (လက်ကိုင်ဖုန်းတွေမှာပါ) အများစုမှာ ဖွင့်ကြည့်နိုင်တာ ဖြစ်တယ်၊ သက်ဝင်ကာတွန်းတွေကို ဖွင့်ကြည့်ဖို့ plug-ins (သို့) တခြား applications တွေကို install လုပ်စရာ မလိုဘူး။ ရိုးရိုး GIF သက်ဝင်ကာတွန်းကို ဖန်တီးဖို့ ရှုပ်ထွေးတဲ့ ဆော့ဗ်ဝဲကို သုံးစရာ မလိုဘူး (သို့) အံ့သြစရာကောင်းလောက်အောင် ပုံဆွဲ ကျွမ်းကျင်နေစရာလည်း မလိုပါဘူး။ အစပိုင်းမှာ အရွယ်အစား ခပ်ကြီးကြီး မလုပ်ဖို့ အကောင်းဆုံး ဖြစ်တယ် - ဘာကြောင့်လဲ ဆိုတော့ GIF သက်ဝင်ကာတွန်းတိုလေးတွေကို ဖန်တီးရာမှာ အချိန်အတော်လေး ပေးဖို့ လိုတယ်။

GIF သက်ဝင်ကာတွန်း တခုကို အစဉ်အလာနည်းတွေ အသုံးပြုပြီး ဖန်တီးလေ့ရှိတယ်၊ ပြကွက် တခုစီပါတဲ့ ဗားရှင်း အတော်များများကို ပုံဖော်ရတာ ဖြစ်တယ်၊ ၀တ္ထူနဲ့ စရိုက်တွေကို ဘောင်ကွက်ထဲမှာ အစီအစဉ်လိုက် နေရာချပြီး၊ အမြန်ပြသလိုက်တဲ့အခါ၊ အံ့သြစရာကောင်းတဲ့ လှုပ်ရှားမှုကို ဖြစ်ပေါ်လာစေတယ်။ သက်ဝင်ကာတွန်းထဲက ဘောင်တခုစီဟာ တစက္ကန့်အတွင်းမှာ သတ်မှတ်ထားတဲ့ အချိန်နဲ့အညီ ပြသသွားတာ ဖြစ်တယ်။ sequence တခုထဲက ပြကွက်တွေကို တကြိမ်၊ အကန့်အသတ် မရှိ (သို့) အကြိမ် အရေအတွက် သတ်မှတ်ပြီး လည်ပတ် (ထပ်လည်) စေနိုင်တယ်။

အခြေခံကျတဲ့ လုပ်ငန်းစဉ်ကတော့ ဘောင်တွေကို ဖန်တီးပါ၊ GIMP ပုံဆွဲ ဆော့ဗ်ဝဲ (ဒီမှာ နှိပ်ပါ) ကို သုံးပြီး သက်ဝင်လှုပ်ရှားစေနိုင်တယ်။ ရုပ်ပုံတွေကို သင်ကိုယ်တိုင် ရေးဆွဲလို့ရတယ်၊ စကင်ဖတ် နိုင်တယ် (သို့) ဓါတ်ပုံတွေကို အသုံးပြုနိုင်တယ်။

သက်ဝင်လှုပ်ရှားတဲ့ စာတန်းတခုဟာ ထိရောက်မှု ရှိတဲ့ သက်ဝင်ကာတွန်းတွေကို ဖန်တီးရာမှာ ရိုးရှင်းမှု အရှိဆုံး နည်းလမ်း ဖြစ်တယ်။ သက်ဝင်ကာတွန်းကို ဖန်တီးတဲ့အခါ အသုံးပြုမဲ့ ရုပ်ပုံတွေဟာ အရွယ်အစား တူညီနေဖို့ လိုတယ်။ အကောင်းဆုံး ပြုလုပ်နိုင်တဲ့ နည်းကတော့ ပထမဆုံး ရုပ်ပုံကို လိုအပ်တဲ့ ဘောင် အရေအတွက်နဲ့ ညီအောင် အမည်/နံပါတ် အမျိုးမျိုး အလိုက် save လုပ်ထားဖို့ ဖြစ်တယ်။ ဒီလိုနည်းနဲ့ ပုံတွေကို အရွယ်အစား တမျိုးထဲ ဖြစ်အောင် ဖန်တီးယူလို့ ရတယ်၊ အနီးမြင်ကွင်းကို ရွှေ့လိုက်တဲ့အခါ နောက်ခံကို တည်တည်ငြိမ်ငြိမ် ထားပေးပါ။

စစ်ဆေးရမဲ့ စာရင်း

 
  • သင်ဖန်တီးမဲ့ သက်ဝင်ကာတွန်းရဲ့ ရည်ရွယ်ချက်ကို စဉ်းစားပါ။ အဖြစ်အပျက် တခုခုကို တင်ပြဖို့လား၊ တစုံတခုဆီကို အာရုံ ဖမ်းယူဖို့လား (သို့) သင့် အဖွဲ့အစည်းရဲ့ ထင်ရှားတဲ့ ရပ်တည်မှု အထောက်အထား (သို့) အမှတ်တံဆိပ်ကို အားဖြည့်ဖို့လား စသဖြင့်။
  • လိုချင်တဲ့ သက်ဝင်ကာတွန်းထဲမှာ ပါဝင်စေချင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဟာ ဘာလဲ - အဲဒါဟာ တိကျ သေချာတဲ့ သတင်း ဟုတ်သလား။ သေချာတဲ့ အရာဝတ္ထူလား (သို့) ဇာတ်ကောင်လား။ အရေးကြီးတဲ့ အစိတ်အပိုင်းကို ဆုံးဖြတ်ပြီးတာနဲ့၊ အဲဒီအရာတွေကို ဘယ်လို ရွှေ့လျားစေချင်သလဲ - ခပ်မြန်မြန်လား၊ ခပ်နှေးနှေးလား။ ဘောင် အစိတ်အပိုင်း တခု ကနေ တခြား အစိတ်အပိုင်းဆီကို ရွှေ့လျားစေချင်သလား။
  • သက်ဝင်ကာတွန်း သက်ဝင်လှုပ်ရှားမဲ့ အချိန် အတိုင်းအတာကို စဉ်းစားပါ။ တကြိမ်ထဲ သက်ဝင်လှုပ်ရှားစေမလား (သို့) အကြိမ် အနည်းငယ်ပဲ သက်ဝင်လှုပ်ရှားစေမလား။ သက်ဝင်ကာတွန်းတွေကို အကန့်အသတ်မရှိ သက်ဝင်လှုပ်ရှားစေတာဟာ စိတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်။
  • သက်ဝင်ကာတွန်းကို သင့်ကွန်ရက် စာမျက်နှာပေါ်မှာ အစိတ်အပိုင်း တခု အနေနဲ့ တင်ထားချင်သလား (သို့) သီးခြား ရပ်တည်တဲ့ သက်ဝင်ကာတွန်း တခုအဖြစ် ဖြန့်ချီလိုသလား စတာတွေကို စဉ်းစားပါ။
  • ရိုးရိုးရှင်းရှင်းလေး စတင်ပါ - ဥပမာ အားဖြင့်၊ အစက်ကလေး တစက်ကို ဘောင်တခုရဲ့ ထောင့် တနေရာကနေ တခြား နေရာကို ရွှေ့သွားခိုင်းကြည့်ပါ၊ (သို့) analogue လက်တံနဲ့ လည်ပတ်တဲ့ နာရီတလုံးကို ဖန်တီးကြည့်ပါ။ ဘောင် အနည်းငယ်ကို သုံးပြီး စလုပ်လိုက်ပါ၊ ပိုပြီး မိမိကိုယ်မိမိ ယုံကြည်မှု ရှိလာတဲ့အခါ ဘောင်တွေကို ထပ်ထည့်ပြီး သက်ဝင်ကာတွန်းကို ချောမွေ့အောင်၊ ဆွဲဆောင်မှု ရှိအောင် လုပ်ပါ။
  • လုပ်ထားပြီးသား သက်ဝင်ကာတွန်းတွေကို ဒေါင်းလုဒ် လုပ်ပါ၊ ဘောင်တခုချင်းကို ကြည့်ပြီး သူတို့ အလုပ် လုပ်တဲ့ပုံစံကို လေ့လာပါ။
  • GIF ရုပ်ပုံတွေကို ငယ်နိုင်သမျှ ငယ်အောင် ဖန်တီးပါ - browser ပေါ်မှာ GIF တခုချင်းကို ဖွင့်ပြလာမှာ ဖြစ်တယ်၊ အကယ်လို့ GIF ဖိုင်တွေဟာ အတော်လေး ကြီးနေတယ် ဆိုရင် ဖွင့်ပြတဲ့ နေရာမှာ နှေးကွေးလာမှာ ဖြစ်ပြီး သက်ဝင်ကာတွန်းလည်း ကောင်းကောင်း အလုပ် လုပ်နိုင်မှာ မဟုတ်ဘူး။

Animation အရင်းအမြစ်များ
 

  • ရိုးရိုး သက်ဝင်ကာတွန်းတွေ ဖန်တီးနည်းနဲ့ ပါတ်သက်တဲ့ အချက်အလက်ကို လေ့လာဖို့ ဒီနေရာကို နှိပ်ပါ။
  • ပိုပြီး အဆင့်မြင့်တဲ့ အရာတွေကို ရှာဖွေ ရယူလိုတယ် ဆိုရင်၊ အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ်ထဲက 3D သက်ဝင်ကာတွန်း ပြုလုပ်ဖန်တီးနိုင်တဲ့ ဆော့ဗ်ဝဲ Blender သက်ဝင်ကာတွန်း သင်တန်း နည်းပြများကို လေ့လာပါ။