Format တခု ရွေးချယ်ခြင်း

 

သင့်ရဲ့ ပန်းတိုင်တွေက ဘာတွေလဲ၊ ဘယ်လို သတင်းစကားမျိုးကို အသုံးချဖို့ အကောင်းဆုံး ဖြစ်သလဲ စတာတွေကို ရှင်းရှင်းလင်းလင်း သိရှိလာတဲ့အခါ၊ - လက်ကမ်း စာစောင်၊ သတင်းလွှာ၊ မဂ္ဂဇင်း (သို့) Zine ၊ စာအုပ်၊ ပိုစတာ၊ တီ-ရှပ်၊ စတစ်ကာ စတဲ့ ပုံစံ တခုခု (သို့) ပုံစံတွေကို သင် ရွေးချယ်လို့ ရပြီ။

အဆုံးအဖြတ်ကို ဘယ်လို ချမှတ်မလဲ။ သင့်ရဲ့ ပန်းတိုင်တွေ၊ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်တွေ၊ ပရိသတ်တွေ အကြောင်း စဉ်းစားပါ။ အမှုအခင်းတခုခုမှာ လူတွေ လျင်လျင်မြန်မြန်နဲ့ ပါဝင်လှုပ်ရှားလာစေလိုသလား၊ (သို့) အဲဒီ သတင်းစကားမှာ ကိုယ်ပိုင် အဓိပ္ပါယ်ရှိပြီး တခဏလေး အတွက်မဟုတ်ပဲ တာရှည်ခံတဲ့ သတင်းစကားမျိုးလား။ ရိုးရိုး သတင်းစကားတွေကို အရွယ်ခပ်သေးသေးနဲ့ ထုတ်ဝေနိုင်ပြီး၊ ပိုစတာတွေ၊ စတစ်ကာတွေ၊ တီ-ရှပ်တွေ၊ စာအုပ်ငယ်တွေ (သို) လက်ကမ်း စာစောင်တွေလို တကြိမ်ပဲ ထုတ်လုပ်တဲ့ ပုံနှိပ် ထုတ်ပြန်ချက်တွေ ဖြစ်ကြတယ်။ အဲဒီ သတင်းထဲမှာ ကွန်ရက် စာမျက်နှာပေါ်က မကြာခဏ တင်ပို့လိုက်တဲ့ မွမ်းမံချက်တွေဆီ သွားနိုင်တဲ့ link တခုခု ထည့်သွင်းထားတတ်တယ်။

အကယ်လို့ လူတွေကို ရေရှည် စည်းလုံးညီညွတ်စေချင်တယ် ဆိုရင်၊ သင့်ရဲ့ အမှုအခင်းရဲ့ ပြဿနာတွေကို နက်နက်နဲနဲ နားလည်အောင် ကြိုးပမ်းပါ၊ (သို့) အကယ်လို့ သင့်ရဲ့ သတင်းစကားတွေဟာ တချိန်လုံး ပြောင်းလဲနေပြီး၊ တခြား လုပ်ငန်းဆောင်ရွတ်ချက်တွေနဲ့ ပါတ်သက်နေရင်၊ သတင်းလွှာ၊ 'zine (သို့) သတင်းစာကို အသုံးပြုတာ အသင့်တော်ဆုံး ဖြစ်တယ်။

သတင်းစာ ရှင်းလင်းချက် (သို့) သတင်းထုတ်ပြန်ချက်တွေလို တကြိမ်ပဲ ထုတ်ဝေတဲ့ သီးခြားအကြောင်းအရာ တခုခုကို အသားပေးပြီး နောက်ထပ် ထုတ်ဝေမှုတွေ ဆက်မလုပ်တော့ဘူး ဆိုရင်၊ စာစဉ်အတွဲတခုလို ဖြစ်မနေဖို့ လိုတယ်။

ရှည်လျားတဲ့ စာစောင်တခုကို အစီရင်ခံစာ ပုံစံ၊ စာအုပ်ပုံစံနဲ့ ထုတ်ဝေဖို့ လိုအပ်လာနိုင်တယ်။ အကယ်လို့ ငွေကြေးဘက်မှာ အားနည်းနေတယ် ဆိုရင်၊ ဒေါင်းလုဒ် လုပ်လို့ ရတဲ့ အီး-စာအုပ်ပုံစံနဲ့ ထုတ်ဝေနိုင်တယ်။ အွန်လိုင်းမှာ ထုတ်ပြန်ထားတဲ့ အရာတွေကို ပုံမှန်၊ ဈေးနှုန်း ချိုချိုသာသာနဲ့ အလွယ်တကူ မွမ်းမံနိုင်တယ်။

Formats အားလုံးကို စုစည်းထားတာဟာ သင့်ရဲ့ ပန်းတိုင်တွေ၊ ပရိသတ်တွေ အားလုံးကို ရေတိုနဲ့ ရေရှည် လက်လှမ်းမီနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်း ဖြစ်တယ်။

 

ပုံစံ

 

အားသာချက်

 

အားနည်းချက်

 

မှတ်ချက်များ

သတင်းလွှာများ
မဂ္ဂဇင်းများ
‘Zines များ





 
အပြည့်အစုံ ဖေါ်ပြထားတယ်၊

အောက်ခြေ လူတန်းစားတွေ အတွက် လှုပ်ရှားပါဝင်ကြတယ်၊
စာသားနဲ့ ရုပ်ပုံတွေ ပါဝင်တယ် အင်တာနက်မှာ ဖြန့်ဝေနိုင်င်တယ်
ရေရှည် လှုပ်ရှားမှု အတွက် သင့်တော်တယ်
အချင်းချင်း ဝေမျှလို့ ရတယ်

ဒီ formats တွေဟာ ဈေးကြီးတယ်၊

ကျွမ်းကျင်မှုတွေ၊ အချိန်၊  အဖွဲ့လိုက် ဆောင်ရွတ်ဖို့ လိုအပ်တယ်

 

 

ဒီ formats တွေဟာ ကြာရှည်ခံတယ်၊

ကောင်းမွန်တဲ့ အကြောင်းအရာ ပါဝင်မှု အရည်အသွေး၊ ညှိနှိုင်း ဆောင်ရွတ်မှု၊ အဖွဲ့လိုက် ဆောင်ရွတ်မှုနဲ့၊ ဖြန့်ဝေခြင်း တို့ဟာ အရေးကြီးတယ်၊ အရွယ်အစားနဲ့ ဒီဇိုင်းကို ကြည့်ပါ

 

တီရှပ်များ

 

မြန်ဆန်တယ်၊ ရိုးရှင်းတယ်၊ မှတ်မိလွယ်တယ်၊ ကြာရှည်ခံတယ်

ဈေးကြီးတယ်၊ အသေးစိတ် မကျဘူး၊ မွမ်းမံလို့ မရဘူး၊ အလွယ်တကူ ဝေမျှလို့ မရဘူး အကြံအဉာဏ်ကောင်းနဲ့ ဒီဇိုင်း လိုအပ်တယ်၊ အရောင် တခုနဲ့ လုံလောက်တယ်၊ အလင်းရောင် သိပ်များလွန်းလို့ မရဘူး၊ နေရာလွတ်မှာ ကွန်ရက် စာမျက်နှာ လိပ်စာကို ထည့်သွင်းနိုင်တယ်
စတစ်ကာများ

 

မြန်ဆန်တယ်၊ ရိုးရှင်းတယ်၊ မှတ်မိလွယ်တယ်၊ ဈေးမကြီးဘူး၊ ကြာရှည်ခံတယ်၊ အွန်လိုင်းမှာ ဖြန့်ဝေလို့ ရတယ်

အသေးစိတ် မကျဘူး၊ ဖြန့်ဝေတဲ့ သူတွေက တရားရင်ဆိုင်မှု ခံရနိုင်ပြီး လုံခြုံရေး ပြဿနာတွေ ပေါ်လာ စေနိုင်တယ်၊ မွမ်းမံလို့ မရဘူး အထက်က အတိုင်းပါပဲ

 

ပိုစတာများ

 


 

မြန်ဆန်တယ်၊ ရိုးရှင်းတယ်၊ မှတ်မိလွယ်တယ်၊ ကြာရှည်ခံတယ်၊ သက်ရောက်မှု ကြီးမားတယ်၊ အွန်လိုင်းမှာ ဖြန့်ဝေနိုင်တယ်

ဈေးကြီးတယ်၊ ဖြန့်ဝေတဲ့ သူတွေက တရားရင်ဆိုင်မှု ခံရနိုင်ပြီး လုံခြုံရေး ပြဿနာတွေ ပေါ်ပေါက်လာ စေနိုင်တယ်၊ မွမ်းမံလို့ မရဘူး

သင့်မှာ အကြံအဉာဏ် ကောင်းတခုနဲ့ ဒီဇိုင်းရေးဆွဲသူ တဦး ရှိဖို့ လိုတယ်၊ သင့်တော်တဲ့ နေရာမှာ Guerrilla ကြော်ငြာ ကပ်ခြင်းဟာ ထိရောက်မှု ကြီးမားစေနိုင်တယ်။ ကွန်ရက် စာမျက်နှာ လိပ်စာကို ထည့်သွင်းနိုင်တယ်
ကြော်ငြာ စာစောင်များ/ လက်ကမ်း စာစောင်များ

အတော်လေး မြန်ဆန်ပြီး လွယ်ကူတယ်၊ အသေးစိတ်ကျတယ်။ အွန်လိုင်းမှာ ဖြန့်ဝေရာမှာ လွယ်ကူတယ် ဖြန့်ဝေရာမှာ ကျွမ်းကျင်မှုရှိဖို့ လိုအပ်တယ်

 

ကွန်ရက် စာမျက်နှာ လိပ်စာကို ထည့်သွင်းထားပါ၊ ရေးသားတဲ့ နေရာမှာ ရှင်းလင်းမှုရှိပြီး လိုရင်းတိုရှင်း ရှိပါစေ၊ layout လည်း အရေးကြီးတယ်

လက်ကမ်း ကြော်ငြာစာ



 

မြန်ဆန်ပြီး လွယ်ကူတယ်၊ ဈေးမကြီးဘူး၊ အွန်လိုင်းမှာ ဖြန့်ဝေဖို့ လွယ်ကူတယ်

ဖြန့်ဝေခြင်း

 

အရောင် တရောင်နဲ့ လုံလောက်တယ်၊ လက်ကမ်း ကြော်ငြာဟာ ပေါ်လွင် ထင်ရှားမှု ရှိပြီး ဆွဲဆောင်မှု ကောင်းတဲ့ ဒီဇိုင်း ရှိရမယ်။ ကွန်ရက် စာမျက်နှာ လိပ်စာကို ထည့်သွင်းနိုင်တယ်
အကြောင်းအရာ အချက်အလက် အချုပ်


 

အတော်လေး မြန်ဆန်ပြီး လွယ်ကူတယ်၊ ဈေးမကြီးမြင့်ဘူး၊ ပိုပြီး အသေးစိတ်တယ်၊ အွန်လိုင်း ဖြန့်ဝေရာမှာ လွယ်ကူတယ် ဖြန့်ဝေခြင်း

 

ကွင်းဆင်း လေ့လာဖို့၊ အချက်အလက်ကို စစ်ဆေးဖို့၊ အရေးအသား ရှင်းလင်းဖို့ လိုတယ်

စာအုပ်များ
စာအုပ်ငယ်များ
အစီရင်ခံစာများ


 
အလွန် အသေးစိတ် ကျတယ်၊ ရောင်းချခြင်းဖြင့် ကိုယ်ပိုင် ၀င်ငွေ ရှာနိုင်တယ်၊ အွန်လိုင်းမှာ ဖြန့်ဝေနိုင်တယ်

လေးလံနိုင်တယ်၊ ပုံနှိပ်ပြီး ဖြန့်ဝေဖို့ ဈေးကြီးတယ်၊ ရောင်းချတဲ့ နည်းစနစ် လိုအပ်တယ်

စာအုပ်ကို ပေးကမ်း မလား၊ ရောင်းချ မလား၊ အီ-စာအုပ် လုပ်မလား၊ စာအုပ် အဖြစ် ပုံနှိပ်ထုတ်ဝေမလား စိတ်ကြိုက် လေ့လာ အကဲခတ်နိုင်တယ်။