မှတ်ပုံတင်ပြီး တင်ပို့ခြင်း

 

ဘလော့ဂ်ကို မှတ်ပုံတင်ပါ
က) Tor ကို browser ကနေ ဖွင့်ပါ၊ (သို့) XeroBank ကို ဖွင့်ပါ။ Wordpress.com ကို သွားပါ၊ “Get a New WordPress Blog” link ကို နှိပ်ပြီး အကောင့် အသစ် တခုကို ဖွင့်ပါ။ အဲဒီ အီးမေးလ် လိပ်စာကို အသုံးပြုပြီး ဘလော့ဂ် လိပ်စာရဲ့ အစိတ်အပိုင်း ဖြစ်လာမဲ့ username တခုကို ဖန်တီးပါ - ဥပမာ thenameyouchoose.wordpress.com
 


 

ခ) Wordpress ကနေ activation လုပ်တဲ့ link ကို သင့် webmail အကောင့်ဆီ ပေးပို့လာလိမ့်မယ်။ ပေးစာတွေကို ရရှိဖို့ Tor ကို အသုံးဝင်ပြုတဲ့ browser ကို ဖွင့်ပြီး activation လုပ်တဲ့ အဲဒီ link အတိုင်း သွားပါ။ ဒီနည်းနဲ့ အသက်ဝင်နေတဲ့ အီးမေးလ် အကောင့် တခုကို သင် အသုံးပြုနေကြောင်း Wordpress က သိရှိသွားပြီး၊ သူ့ဆီက ၀န်ဆောင်မှုတွေတဲ့ updates တွေကို ရယူနိုင်မှာ ဖြစ်တယ်။ သင့်ရဲ့ ဘလော့ဂ်ကို လူအများအပြားက ကြည့်ရှုနိုင်အောင် ထုတ်လွှင့်ပေးမှာ ဖြစ်ပြီး သင် အသုံးပြုမဲ့ စကားဝှက်ကို ပေးပို့ပေးမှာ ဖြစ်တယ်။ ဒီ စကားဝှက်ကို ပြန်ရယူဖို့ သင့်ရဲ့ webmail ကို ပြန်စစ်ဆေးရမှာ ဖြစ်တယ်။

ဂ) Tor ကို အသုံးပြုနေတဲ့ အချိန်မှာ၊ မိမိရဲ့ username နဲ့ password ကို အသုံးပြုပြီး အသစ်စက်စက် ဘလော့ဂ်ထဲကို ၀င်ပါ။ “My Dashboard” ကို နှိပ်ပြီး၊ “Update your profile or change your password.” ကို နှိပ်ပါ။ စကားဝှက်ကို သင်မှတ်မိနိုင်တဲ့ ကြံ့ခိုင်တဲ့ စကားဝှက် တခု အဖြစ် ပြောင်းလိုက်ပါ။ သင့်ရဲ့ profile ထဲမှာလည်း သတင်း အချက်အလက်တွေကို လွတ်လွတ်လပ်လပ် ထည့်သွင်းပါ။ ထည့်သွင်းလိုက်တဲ့ သတင်း အချက်အလက်တွေဟာ သင်နဲ့ အဆက်အစပ် မရှိဖို့ အရေးကြီးတယ်။

ဘလော့ဂ်ပေါ် တင်ပို့ခြင်း
က) ဘလော့ဂ် တင်ပို့ချက်ကို အော့ဖ်လိုင်းနဲ့ ရေးပါ။ ဒီနည်းဟာ အကယ်လို့ browser ပျက်သွားတာတို့၊ (သို့) net connection ကျသွားတာတို့ ဖြစ်လာရင် သင်ရေးသားလိုက်တဲ့ တင်ပို့ချက်တွေ ပျောက်မသွားအောင် ထိန်းသိမ်းပေးနိုင်တဲ့ နည်းလမ်းကောင်း တခု ဖြစ်တယ်။ ဆိုလိုတာက တင်ပို့ချက်တွေကို ဆိုင်ဘာ ကဖေးထက် ပိုပြီး သီးသန့်ကျတဲ့ နေရာတွေမှာ ရေးသားနိုင်တယ်။ Windows မှာ အသုံးပြုတဲ့ ရိုးရိုး တည်းဖြတ်ရေး ကိရိယာ Wordpad ကို အသုံးပြုတာ အကောင်းဆုံး ဖြစ်တယ်။ တင်ပို့ချက်တွေကို text files တွေ အဖြစ် သိမ်းဆည်းထားပါ (ဘလော့ဂ် ရေးသားပြီးတဲ့အခါ၊ အဲဒီ ဖိုင်တွေကို ကွန်ပျူတာထဲကနေ လုံးဝ ဖယ်ရှားပစ်ဖို့ အမြဲတမ်း သတိရပါ။ Eraser (သို့) Ccleaner လို ကိရိယာကို ဘာသာ စကား အမျိုးမျိုးနဲ့ ရရှိနိုင်ပြီး၊ install လုပ်ထားတဲ့ browsers နဲ့ တခြား applications တွေမှာ ရှိတဲ့ ယာယီဖိုင်တွေကို အလိုအလျှောက် ရှင်းလင်း ဖယ်ရှားပေးနိုင်တယ်)။

ခ) Tor ကို ဖွင့်ပါ၊ (သို့) အိတ်ဆောင် မီဒီယာ drive ထဲကနေ Tor Browser ကို ဖွင့်ပြီး၊ Wordpress.com ထဲကို ၀င်ပါ။ တင်ပို့ချက် အသစ် တခုကို ရေးဖို့ “write” ခလုတ်ကို နှိပ်ပါ။ တင်ပို့ချက်ကို text file ထဲကနေ Cut လိုက်ပြီး post ၀င်းဒိုးထဲကို paste လိုက်ပါ။ တင်ပို့ချက် အတွက် ခေါင်းစဉ် တခု ပေးပြီး၊ သုံးချင်တဲ့ categories တခုခု အောက်မှာ ထားလိုက်ပါ။

ဂ) “Publish” ကို မနှိပ်ခင်၊ လုပ်ရမဲ့ အဆင့် တခု ရှိသေးတယ်။ မျက်နှာပြင် ညာဖက်ပေါ်မှာ “Post Timestamp” လို့ ရေးထားတဲ့ အပြာရောင် ဘားကို နှိပ်လိုက်ပါ။ “Edit Timestamp” ဆိုတဲ့ checkbox ကို နှိပ်ပါ။ အချိန်၊ မိနစ်တွေကို ရွေးပါ။ အကောင်းဆုံးကတော့၊ ကျပန်း ကြားကာလ တခုကို ရွေးယူလိုက်ပြီး၊ အကြိမ် တကြိမ်မှာ သီးခြား နံပါတ်တခုကို အသုံးပြုပါ။ ဒီလို လုပ်ခြင်းဖြင့် တင်ပို့ချက်တွေကို သတ်မှတ်လိုက်တဲ့ အချိန်အပေါ် မူတည်ပြီး ကွန်ရက် စာမျက်နှာပေါ်မှာ မြင်တွေ့လာမှာ ဖြစ်တယ် - သတ်မှတ်ထားတဲ့ အချိန် မရောက်ခင် တင်ပို့ချက်ကို Wordpress က ဖေါ်ပြမှာ မဟုတ်ဘူး။

 



 
ဘာကြောင့် သုံးစွဲရတာလဲ။

Timestamp ကို တည်းဖြတ်ခြင်းဖြင့်၊ လူတဦးတယောက်က သင်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို သိရှိနိုင်အောင် သုံးစွဲလာနိုင်တဲ့ နည်းပညာတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးတယ်။ “အီသီယိုးပီးယား ကြေးနန်း ဆက်သွယ်ရေး ကုမ္ပဏီ ကျဆုံးပါစေ၊” ဆိုတဲ့ ဘလော့ဂ် တခုကို သင် ရေးသားနေတယ် ဆိုပါစို့။ အဲဒီ ETC ကုမ္ပဏီမှာ အလုပ်လုပ်တဲ့ လူတဦးတယောက်က အဲဒီ ဘလော့ဂ်ကို ရေးသားနေသူဟာ သူ့တို့ ဖေါက်သည်ထဲက လူတဦးတယောက် ဟုတ်မဟုတ် စောင့်ကြည့်လာနိုင်တယ်။

သူတို့က downwithetc.wordpress.com မှာ တင်ပို့ချက် တခုခု ပြုလုပ်ခဲ့တဲ့ အချိန်တွေကို စတင် မှတ်ထားပြီး မှတ်တမ်းတွေ (logs) အလိုက် timestamps တွေကို စစ်ဆေးကြလိမ့်မယ်။ မကြာခင် စက္ကန့်ပိုင်းအတွင်းမှာ လအပိုင်းအခြား တခုခုနဲ့ ဆိုင်တဲ့ တင်ပို့ချက်ထဲမှာ တင်ပို့ချက် တခုခုကို တင်ပို့နေတာတွေ၊ ဖေါက်သည်ထဲက လူတယောက်ယောက်က Tor node ကို အသုံးပြုပြီး အလုပ်လုပ်နေတယ် ဆိုတာ သိရှိသွားနိုင်တယ်။ ဒီဘလော့ဂ်ကို တင်ပို့နေသူဟာ Tor ကို အသုံးပြုနေတယ် ဆိုတာ သိရှိသွားပြီး အဲဒီ သတင်း အချက်အလက်ကို ပုလိပ်ဆီ ပေးပို့နိုင်တယ်။

တင်ပို့ချက်တွေနဲ့ သက်ဆိုင်တဲ့ timestamp ကို ပြင်ဆင် ပြောင်းလဲလိုက်ခြင်းဖြင့်၊ ISP လို့ခေါ်တဲ့ အင်တာနက် ၀န်ဆောင်မှု ပေးသူတွေက ဒီလို တိုက်ခိုက်မှုမျိုးကို လုပ်မလာနိုင်အောင် ပိုမို ခက်ခဲသွားစေမှာ ဖြစ်တယ်။ Wordpress ဆာဗာမှာ ရှိတဲ့ မှတ်တမ်းတွေ (logs) ကို သူတို့ ကြည့်ရှုကြလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ ကိုယ်ပိုင် မှတ်တမ်းတွေ (logs) ကို ကြည့်ရှုရတာထက် ပိုပြီး ခက်ခဲသွားလိမ့်မယ်။ ဒီနည်းနဲ့ သင့်ရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အလွယ်တကူ လုပ်ဆောင်နိုင်တယ်။