GIMP layers အသုံးပြုတဲ့ GIF သက်ဝင်ကာတွန်း


 
  • GIMP ကို ဖွင့်ပါ
  • ပထမဆုံး ရုပ်ပုံကို ဖွင့်ပါ
  • File pull down ထဲကနေ ပထမဆုံး gif ပုံကို "open" လိုက်ပါ

 
  • ရုပ်ပုံထဲမှာ layer အသစ်တခု ထည့်လိုက်ပါ
ရုပ်ပုံကို မြင်ရတဲ့အခါ၊ ထိပ်ပိုင်း menu ဘားကနေ "layer" ကို ရွေးလိုက်ပါ၊ အဲဒီနောက် "create new layer" ကို သွားပြီး layer အသစ်ကို နာမည် တခု (“frame2” ဆိုရင် ကောင်းပါတယ်) ပေးလိုက်ပါ၊ "Layers and Channels" ၀င်းဒိုး (တကယ်လို့ သိပ်မသေချာဘူး ဆိုရင်၊ ctrl + L ကို နှိပ်ပါ) ကို ဖွင့်လိုက်ပါ
 
  • ဒုတိယ ပုံကို ဖွင့်ပြီး သူ့ကို ပထမ ရုပ်ပုံနေရာမှာ ဒုတိယ layer တခု အဖြစ်နဲ့ ထည့်သွင်းဖို့ -
  • ဒုတိယ GIF ကို ဖွင့်လိုက်ပါ - ပေါ်လာတဲ့အခါ "edit" ကို ရွေးပြီး ထိပ်က menu ဘားကနေ "copy" ကို ရွေးလိုက်ပါ။
  • ပထမ ရုပ်ပုံဆီ သွားပြီး၊ “edit” ကို ရွေးပါ၊ ပြီးရင် "paste" ကို ရွေးပါ၊ အခုချိန်မှာ “layer and channels” ၀င်းဒိုးထဲမှာ "Floating selection (Pasted layer)" လို့ခေါ်တဲ့ အရာကို မြင်တွေ့ရမှာ ဖြစ်တယ်။ အဲဒါကို နှိပ်ပါ၊ ပြီးရင် Mouse ခလုတ်ကို ညာဖက် နှိပ်ပါ (သို့) pop-up menu ကို မြင်ရဖို့ ctrl ဖိထားပြီး "anchor layer" ကို ရွေးလိုက်ပါ။ ဆိုလိုတာက အဲဒီ floating selection ဟာ frame 2 ဖြစ်လာမှာ ဖြစ်တယ်။ အခုအခါမှာ layers နှစ်ခုပါတဲ့ ရုပ်ပုံတပုံ ရရှိနေပြီ ဖြစ်တယ်။ ဒီနေရာမှာ သင့်ရဲ့ ပထမ layer ကို နာမည်ပြောင်းလိုက်တာ ကောင်းတယ်၊ အဲဒါကို default အနေနဲ့ "background" လို့ ခေါ်ဆိုတယ်။ ဒါဆို “frame1” ကိုလည်း ပြောင်းလိုက်ပါ။

 
  • Frames တွေ ထပ်ပြီး ထည့်ပါ
အခုအခါ frame1 နဲ့ frame2 လို့ခေါ်တဲ့ layers နှစ်ခု ရှိနေပြီဖြစ်တယ်။ တခြား ရုပ်ပုံတွေကို အလားတူပဲ ထည့်ကြည့်ပါ။ စစချင်း layer တခုကို ပထမဆုံး ရုပ်ပုံတွေထဲမှာ ထည့်လိုက်ပါ။
 
  • "layers" တွေ ပြီးရင် "new layer" ကို ထည့်ဖို့ သတိရပါ။ အဲဒီနောက် 'frame 3' ဆိုပြီး နာမည် တခု ပေးပါ။ တတိယ GIF ရုပ်ပုံကို Open လိုက်ပါ၊ နောက်တခါ “edit” ကို ရွေးပြီး “copy” ကို သွားပါ၊ ရုပ်ပုံ တပုံအနား ရွှေ့သွားပြီး "paste" လုပ်လိုက်ပါ၊ ပြီးရင် pop-up menu တခုကနေ "anchor layers" ကို ရွေးလိုက်ပါ။
  • သင့်ဆီမှာ ရှိတဲ့ ရုပ်ပုံ အရေအတွက် အတိုင်း အထပ်ထပ် လုပ်နိုင်တယ်။ အကယ်လို့ ဒါဟာ သင့်ရဲ့ ပထမဦးဆုံး သက်ဝင်လှုပ်ရှားတဲ့ GIF ဖြစ်တယ် ဆိုရင်၊ နည်းပညာအကြောင်း သဘောပေါက် လာအောင် frames လေးခု (သို့) ငါးခုလောက်နဲ့ စလုပ်ကြည့်ပါ။

 
  • ရုပ်ပုံကို သက်ဝင်လှုပ်ရှားတဲ့ GIF format အဖြစ် Export လုပ်လိုက်ပါ
ရုပ်ပုံတွေ အားလုံးကို layers တွေ အဖြစ် ရုပ်ပုံ တပုံရဲ့ အောက်မှာ ထားလိုက်ပြီ ဆိုရင်၊ အဲဒါတွေကို သက်ဝင်လှုပ်ရှားတဲ့ GIF တခုအဖြစ် save လုပ်ဖို့ အချိန် ကျလာပါပြီ။  "file" ကို သွားပြီး "save as" ကို နှိပ်လိုက်ပါ။ dialogue box ပွင့်လာတဲ့အခါ၊ ဖိုင်ကို နာမည် အသစ်တခု ပေးပြီး "file type"မှာ GIF ကို ရွေး၊ "save" ကို နှိပ်လိုက်ပါ - တခြား dialogue box ပေါ်လာမှာ ဖြစ်ပြီး အဲဒီအထဲမှာ ရွေးချယ်နိုင်မဲ့ "flatten image" နဲ့ "save as animation" options နှစ်ခုကို တွေ့ရလိမ့်မယ်၊ "save as animation" ကို ရွေးလိုက်ပါ။ သင် အပြောင်းအလဲ လုပ်နိုင်တဲ့ တခြား parameters တွေ ရှိသေးတယ်၊ ဒါပေမဲ့ အဲဒါတွေကို ဂရုမစိုက်ပါနဲ့ဦး။

 
  • အလုပ်လုပ် မလုပ် စမ်းကြည့်ပါ
သင် ပြုလုပ်ထားတဲ့ သက်ဝင်ကာတွန်းကို အလုပ်လုပ် မလုပ် စမ်းကြည့်ချင်ရင်၊ ဖိုင်ကို သင် အသုံးပြုနေတဲ့ browser တခုခုနဲ့ ဖြစ်ဖြစ် (သို့) GIMP ထဲက "filters" ကို သွားပြီး "animation" ၊ ပြီးတော့ "playback" ကို ရွေးပြီး ဖြစ်ဖြစ် ဖွင့်လို့ ရတယ်။ အလုပ်လုပ်ပုံကို ကြည့်ပြီးတဲ့အခါ၊ features တချို့ကို ပြန်ပြင်ချင်တာ ရှိနေနိုင်တယ်။ ပြသချိန် (display time) ကိုတော့ တခြား frames တွေ အားလုံးနဲ့ အတူတူ သတ်မှတ်နိုင်သလို၊ သက်ဝင်ကာတွန်းကို ပိုမို ချောမွေ့ပြီး ပိုမို အသက်ဝင်လာစေဖို့ ရုပ်ပုံ တခုချင်းကို တမျိုးစီ သတ်မှတ်နိုင်တယ်။