GIMP GAP အသုံးပြုပြီး ဖန်တီးခြင်း


ဒီနည်းဟာ အဆင့်မြင့်တဲ့အတွက် GIMP နဲ့ အကျွမ်းတ၀င် ရှိထားဖို့ လိုတယ်၊ ဒါပေမဲ့ ဒါဟာ ပိုအစွမ်းထက်သလို၊ ပိုမို ရှုပ်ထွေးတဲ့ animations ခေါ် သက်ဝင်ကာတွန်းတွေကို ဖန်တီးရာမှာလည်း အသုံးပြုတယ်။

GAP ကို အသုံးပြုပြီး အတော်အတန် ရှုပ်ထွေးတဲ့ ဗွီဒီယိုတွေကို formats အမျိုးမျိုးနဲ့ ဖန်တီးနိုင်တယ်၊ တည်းဖြတ်နိုင်တယ်၊ ဒါကတော့ အဆင့်မြင့်တဲ့ သုံးစွဲသူတွေ အတွက်ပဲ ဖြစ်တယ်။ ဒါဟာ ပိုပြီး ချောမွေ့တဲ့ GIF သက်ဝင်ကာတွန်းတွေကို ဖန်တီးတဲ့ ကိရိယာ တခု ဖြစ်တယ်၊ အကယ်လို့ GIMP layers ကို အသုံးပြုမယ် ဆိုရင် သိပ်အားစိုက်နေစရာ မလိုဘူး။ ဒါကြောင့် အကယ်လို့ frames  ဆယ်ခုအထက် ရှိတဲ့၊ (သို့) တရာကျော်တဲ့ ရှုပ်ထွေးနက်နဲတဲ့ GIF သက်ဝင်ကာတွန်းကို ဖန်တီးမယ် ဆိုရင် GAP ဟာ သင့်အတွက် အသုံးဝင်တဲ့ ကိရိယာ တခုပဲ ဖြစ်တယ်။
 
  • ပထမဦးဆုံး frame ကို ဖွင့်ခြင်း
ပုံမှန်အတိုင်း "file" ကနေ "open" ကို ရွေးလိုက်ပါ - သူ့ရဲ့ format ကို XCF အဖြစ် ပြောင်းဖို့ လိုတယ်၊ GAP က ပေးလိုက်တဲ့  နာမည်တွေဟာ အတော်လေး ထူးခြားတယ်။ ဖိုင်နာမည် အဆုံးပိုင်းမှာ 000001 ကို ထည့်ပေးနေတဲ့ ကာလပတ်လုံး သင် နှစ်သက်တဲ့ နာမည်ကို အသုံးပြုနိုင်တယ်။ ဒါပေမဲ့ GAP က မှတ်မိမှာ မဟုတ်ပဲ error တခု ပြလာမှာ ဖြစ်တယ်။ "Image" ကို သွားပါ၊ ပြီးရင် "Video" ၊ ပြီးတော့ "Duplicate Frames" ကို သွားပြီး frames တွေ ထပ်ထည့်ပါ။ ဒီလုပ်ငန်းစဉ်ကို ထပ်ပြီး လုပ်စရာ မလိုဘူး၊ dialogue box ထဲက "N times" ထဲမှာ သင် လိုချင်တဲ့ အရေအတွက်ကို ရွေးလိုက်ပါ။
  • ပထမဦးဆုံး ရုပ်ပုံကို သွားပါ။ "move path" function ကို သုံးပြီး အစမ်း ရွှေ့ကြည့်ပါ။
ကြည့်ရှုနေတဲ့ ပုဂ္ဂိုလ် အနားကနေ ပျံတက်သွားတဲ့ ပုံစံမျိုး ပေါက်အောင် ရုပ်ပုံကို ချဲ့ပြီး လုပ်ငန်း စတင်ကြမယ်။ ပြီးရင် opacity ကို တိုးချဲ့ပြီး ပေါင်းစပ်သွားမယ်။ ပထမဆုံး သက်ဝင်ကာတွန်းကို parameters: x:157, y:74, width:200, height:200, opacity:20 ထားပြီး စမ်းသပ်ကြည့်ပါ (အဲဒါတွေဟာ ဥပမာတွေပဲ ဖြစ်ပြီး သင့်ရဲ့ ရုပ်ပုံနဲ့ ကွာခြားနေနိုင်တယ်)။ ကျန်တဲ့ပိုင်းကို default အတိုင်း ထားနိုင်တယ်။
  • အခုချိန်မှာ "add point" ခလုတ်ကို နှိပ်ပြီး သက်ဝင်ကာတွန်း အသစ်တခုကို ထည့်ပါ။ အပေါ် ခလုတ်ရဲ့ အနေအထားဟာ လက်ရှိ key: [ 2 of 2 ] အဖြစ် ပြောင်းသွားတာကို သတိပြုပါ။ အခု width, height နဲ့ opacity တွေကို ၁၀၀% မှာ ပြန်ထားပါ။
  • Animation point တခုစီရဲ့ ရလဒ်ကို အဲဒီနေရာ (next နဲ့ previous (သို့) တခြား ခလုတ်တွေကို အသုံးပြုပြီး) ကို သွားပါ။ "update preview" ခလုတ်ကို နှိပ်ပြီး စစ်ဆေးလို့ ရတယ်။ သက်ဝင်ကာတွန်း တခုလုံးကို "anim preview" အသုံးပြုပြီး အစမ်း ကြည့်ရှုလို့ ရတယ်။ ဒီအချက်က layer လုပ်ထားတဲ့ ရုပ်ပုံ အသစ်တခုကို ဖန်တီးပေးသွားမှာ ဖြစ်ပြီး အချိန် အနည်းငယ် ယူဖို့ လိုမှာ ဖြစ်တယ်။
  • ရုပ်ပုံတွေ ရှိတဲ့နေရာ သွားခြင်း
ရုပ်ပုံတွေရှိတဲ့ နေရာကို အလွယ်တကူ သွားရောက်နိုင်ဖို့ "video" "VCR navigator" ကို သွားပါ၊ ဒီလိုနည်းနဲ့ သူတို့ကို မြင်တွေ့နိုင်တဲ့ ပုံစံကို စစ်ဆေးလို့ ရတယ်။ frames တွေရဲ့ ပြသချိန် (ကြာချိန်) ကို ထိန်းဖို့ "framerate" ကို သွားပါ။
  • သက်ဝင်ကာတွန်းကို Save လုပ်ခြင်း
Animation ခေါ် သက်ဝင်ကာတွန်းကို GIF အဖြစ် Save လုပ်ဖို့၊ "video" "frames to image" function ကို အသုံးပြုပါ။