အသံ ဖြန့်ဖြူးခြင်း

မကြာသေးခင် အချိန်အထိ၊ တန်ဖိုးကြီးတဲ့ မီဒီယာ ပစ္စည်းတွေကို လူအနည်းစုကပဲ အသုံးပြုနိုင်ပြီး၊ ကမ္ဘာအနှံ့အပြားမှာ ရှိကြတဲ့ ပရိသတ်တွေဆီ ဖြန့်ဝေဖို့ အသံ ထုတ်လုပ်ကြပြီး၊ အသံ ဖမ်းယူချက်တွေကို ဖြန့်ဖြူးနိုင်ခဲ့ကြတယ်။ ဒီနေ့ခေတ် နည်းပညာမှာ အသံ သွင်းယူတာ၊ တည်းဖြတ်တာတွေကို အလွယ်တကူ လုပ်ဆောင်လာနိုင်ပြီး၊ နည်းပညာအသစ်တွေ ဖြစ်ကြတဲ့ ဘလော့ဂ်နဲ့ podcasts တွေကို အသုံးပြုပြီး ကမ္ဘာအနှံ့ကို ဖြန့်ဝေလာကြတယ်။ ဒီအပိုင်းမှာ အသံကို အင်တာနက်ကနေ အသံလွှင့်နိုင်တဲ့ နည်းလမ်းတွေကို ဖေါ်ပြထားပြီး၊ လက်ရှိ သတင်းဖြန့်ရေး ရေဒီယိုလိုင်းတွေကို  အသုံးပြုပြီး၊ သင် လက်လှမ်းမီဖို့ ရည်ရွယ်ထားတဲ့ ပရိသတ်တွေဆီ ရောက်ရှိစေနိုင်တဲ့ နည်းလမ်းတွေကို ဖေါ်ပြထားတယ်။ ဒီလို နည်းပညာတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ ထောက်ခံ လှုပ်ရှားမှု လုပ်ငန်းတွေမှာ လက်တွေ့ အသုံးချခဲ့ကြတဲ့ ဥပမာတွေကို ဖေါ်ပြထားတယ်။
 

Podcasts နဲ့ ဘလော့ဂ်များ
 

Podcast ဟာ အွန်လိုင်းမှာ ဖြန့်ဝေတဲ့ အသံ စုစည်းရာ နေရာ ဖြစ်ပြီး၊ အဲဒီမှာ ဘယ်သူမဆို မှတ်ပုံတင်နိုင်တယ်။ အသံ အစိတ်အပိုင်း တခုခုကို လွှင့်တင်တဲ့အခါတိုင်း Podcast feed ကို ပိုင်ဆိုင်ထားတဲ့ သူတွေဆီ အီးမေးလ်ကနေတဆင့် (သို့) RSS Rreader ကနေတဆင့် အသိပေးမှာ ဖြစ်တယ်။ သတင်းစာဋ္ဌာနမှာ အသင်းဝင်ပြီးတဲ့အခါ သတင်းစာကို အိမ်တိုင်ရာရောက် လာရောက် ပို့ဆောင်ပေးတဲ့အတွက်၊ နောက်တခါ ဆိုင်ကို သွားပြီး သတင်းစာ ၀ယ်ယူစရာ မလိုတော့တဲ့ ပုံစံနဲ့ တူတယ်။ လူတွေက သင့်ရဲ့ တင်ဆက်မှုကို သူတို့ရဲ့ ကိုယ်ပိုင်အချိန်မှာ ကွန်ပြူတာ (သို့) MP3 ဖွင့်စက်တွေကနေ နားဆင်နိုင်တယ်။

ဒီ ကွန်ရက် စာမျက်နှာမှာ ရှိတဲ့ အသံ ပစ္စည်းကိရိယာများ အခန်းမှာ၊ podcast ထုတ်လွှင့်မှု စနစ် ရွေးချယ်တဲ့ ပုံစံ၊ WordPress အသုံးပြုပြီး podcast  တပ်ဆင်တဲ့ ပုံစံတွေကို တွေ့ရှိရမှာ ဖြစ်တယ်။ (ဆက်လက် ဖတ်ရှုရန်)

ဘလော့ဂ်တွေကို တည်ဆောက်တဲ့ နေရာမှာ ဖြစ်ဖြစ်၊ မွမ်းမံတဲ့ နေရာမှာ ဖြစ်ဖြစ် လွယ်ကူပြီး ကိုယ်ပိုင် ကွန်ရက် စာမျက်နှာတွေကို တစုတစည်းထဲ စီမံပေးတဲ့ ကွန်ရက်စာမျက်နှာ ဖြစ်တယ် (ဘလော့ဂ် အစီအစဉ် ရေးဆွဲခြင်းကို ဆက်လက် ဖတ်ရှုရန်)။ broadband အင်တာနက် သုံးစွဲမှုနဲ့ ကြီးမားတဲ့ ဖိုင်တွေကို ဖြန့်ဝေနိုင်မှုဟာ ပိုမို လွယ်ကူ မြန်ဆန်လာတဲ့အတွက်၊ အသံတွေကို ဘလော့ဒ်တွေမှာ တင်ပို့ပြီး ဖြန့်ဝေလို့ ရတဲ့ နည်းလမ်း တခု ဖြစ်လာတယ်။

အင်တာနက်ကနေ တဆင့် အသံကို ဖြန့်ဝေရာမှာ အကြီးမားဆုံး အကျိုးအမြတ်တွေထဲက တခုကတော့၊ ပရိသတ်တွေဟာ ဘယ်လောက်ပဲ သင်နဲ့ အလှမ်းဝေးနေပါစေ၊ သူတို့ဆီ အရောက် လှမ်းနိုင်တဲ့ အချက်ပဲ ဖြစ်တယ်။ အသံ ဘလော့ဂ် (သို့) podcast တခုခုဟာ အစွမ်းအစရှိတဲ့ ထောက်ခံသူတွေဆီ သင့် လုပ်ငန်း တိုးတက်မှု အစီရင်ချံက်တွေကို ပေးပို့ဖို့အတွက် နည်းလမ်းကောင်း တခု ဖြစ်တယ်။ အကြောင်းအရာ တခုခုနဲ့ ပါတ်သက်တဲ့ အယ်ဒီတာ့ အာဘော်ဟာ နားထောင်တဲ့ သူတွေကို ဆွဲဆောင်မှု ပေးနိုင်ပြီး၊ ပါဝင် လှုပ်ရှားလာစေတဲ့အပြင်၊ အလားအလာကောင်းတဲ့ ပူးပေါင်း လုပ်ဆောင်သူတွေအဖြစ် သိမ်းသွင်းလာနိုင်တယ်။

Podcasts တွေဟာ ဖြန့်ဖြူးရေးအတွက် ကောင်းမွန်တဲ့ ကိရိယာ တခု ဖြစ်တယ်။ အကြောင်းအရာ စုံလင်တဲ့ podcast တခု (သို့) audio-blog တခုကို လူထု ရေဒီယို အသံလွှင့် ဋ္ဌာနတွေမှာ ပြန်ပြီး ထုတ်လွှင့်နိုင်တယ်၊ ညီလာခံတွေ၊ စကား အခြေအတင် ဆွေးနွေးပွဲတွေမှာ အသုံးပြုနိုင်တယ်၊ ဒါကြောင့် တခြား သူတွေအတွက် အသုံးဝင်တဲ့ အရင်းအမြစ်တခု ဖြစ်လာပြီး၊ အခြား networks တွေနဲ့ အကြောင်းအရာတွေကို လက်လှမ်းမီလာနိုင်တယ်။ အွန်လိုင်းမှာ အခကြေးငွေ မယူပဲ၊ သင်ရဲ့ အသံ အစီအစဉ်ကို ထုတ်လွှင့်ပေးနိုင်တဲ့ ၀န်ဆောင်မှုဌာန အတော်များများ ရှိတယ်။ အကယ်လို့ ဖြေရှင်းနည်းတွေကို လိုချင်တယ် ဆိုရင်၊ အင်တာနက် ဒိုမိန်းတခုကို (ကိုယ်ပိုင် အင်တာနက် လိပ်စာနဲ့) မှတ်ပုံတင်ထားနိုင်တယ်၊ ကိုယ်ပိုင် ဆာဗာမှာ ဖိုင်တွေကို လွှင့်တင်ဖို့ Wordpress တို့လို အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲကို အသုံးပြုနိုင်တယ်။ (WordPress အကြောင်းကို ဆက်လက်ဖတ်ရှုပါ)

လွှင့်တင်လိုက်တဲ့ အသံဖိုင်တိုင်းမှာ ဖေါ်ပြချက်အကျဉ်း တခုစီ ရေးထည့်ပြီး၊ ဖြစ်နိုင်တယ် ဆိုရင် ဖိုင်အမျိုးအစားအလိုက် စနစ်တကျ ရေးမှတ်ပါ။ အသံတွေကို အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာလို့ မရသေးဘူး။ လွှင့်တင်လိုက်တဲ့ အသံဖိုင်တွေမှာ ရှာရလွယ်ကူအောင် စာသား ဖေါ်ပြချက် အကျဉ်း တခုစီ တပ်ထားခြင်းဖြင့် နားထောင်လာတဲ့ ပရိသတ်လူသစ်တွေက ရှာဖွေရေး အင်ဂျင် တခုခုကနေ တဆင့် အလွယ်တကူ ရှာတွေ့နိုင်ကြမှာ ဖြစ်တယ်။
 

Podcast ကို မြှင့်တင်ကြော်ငြာခြင်း
 

Podcast ကို ထုတ်ပြန်ကြော်ငြာဖို့ အရေးကြီးတယ်။ သင့်ရဲ့ သတင်းစကားကို သင့်တော်တဲ့ ဘလော့ဂ်တွေ၊ ကွန်ရက် စာမျက်နှာတွေမှာ လွှင့်တင်နိုင်ပြီး တခြား အဖွဲ့အစည်းတွေရဲ့ ကွန်ရက် စာမျက်နှာပေါ်မှာ (သို့) သူတို့ရဲ့ သတင်းစာစောင်တွေမှာ သင့်ရဲ့ Podcast link ကို ထည့်သွင်းပေးဖို့  တောင်းဆိုနိုင်တယ်။ အကယ်လို့ သတင်းတွေကို ပုံမှန် update လုပ်တယ် ဆိုရင်၊ လူတွေက သင့်ရဲ့ ပရိုဂရမ်တွေမှာ မှတ်ပုံတင်နိုင်အောင် 'RSS feed' ခလုတ်လေး တခု ထားရှိခြင်းဖြင့် အထောက်အကူ ဖြစ်စေနိုင်တယ်။ Media RSS feed လိပ်စာကို ရေးထည့်ပြီး သူ့အတွက် ခလုတ်လေး တခုကို ဖန်တီးပေးနိုင်တဲ့ အွန်လိုင်း ကိရိယာတွေ အများအပြား ရှိတယ်။  ဥပမာ အားဖြင့်၊ ခလုတ် ဖန်တီးတဲ့ ကိရိယာအကြောင်းကို Online Marketing Blog မှာ ကြည့်ရှုပါ။

အောက်က အွန်လိုင်း podcast ထုတ်လွှင့်တဲ့ ကွန်ရက်စာမျက်နှာတွေမှာ သင့်ရဲ့ အသံကို တင်ပို့နိုင်တယ်။
  • Wordpress ဟာ အခမဲ့ ၀န်ဆောင်မှုဌာန တခု ဖြစ်ပြီး ကြီးမားတဲ့ ဖိုင်တွေကို တင်ပို့နိုင်ဖို့ Pro အကောင့်တခု ဖွင့်ဖို့ လိုပြီး ငွေကြေး အနည်းငယ် ပေးဆောင်ရမှာ ဖြစ်တယ်။
  • Blip-tv ဟာ အခကြေးငွေ ယူတဲ့ ၀န်ဆောင်မှုဌာန တခုဖြစ်ပြီး၊ အသံနဲ့ ဗွီဒီယိုတွေကို အခမဲ့ တင်ပို့ခွင့် ပေးတယ်။ သူ့မှာ သုံးစွဲရ လွယ်ကူတဲ့ podcast features တွေ ပါရှိတယ်။