ဆန်းစစ်လေ့လာချက်များ

 

“အငြင်းပွားစရာ စိန်များ” အရေး စည်းရုံးလှုံ့ဆော်မှု

အဖွဲ့အစည်း - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့၊ ယူအက်စ်အေ
 

ပန်းတိုင် - ယူအက်စ်အေ အတွင်းမှာ “အငြင်းပွားဖွယ် စိန်များ” ရောင်းဝယ်နေမှု ပိုမိုသိရှိလာရန်
 

ပရိသတ် - နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့နဲ့ ပြည်သူလူထုကို ထာက်ခံအားပေးသူများ
 

အမျိုးအစား - Flash သက်ဝင်ကာတွန်း

သက်ဝင်ကာတွန်း (Animation) ဆိုတာ သတင်းစကား တခုကို အလျင်အမြန်နဲ့ ရိုးရိုးလေး ဖြန့်ချီပေးနိင်တဲ့ အထိရောက်ဆုံး နည်းလမ်း တခု ဖြစ်တယ်။ Free Range Studios က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့အတွက် ဖန်တီးပေးလိုက်တဲ့ သက်ဝင်လှုပ်ရှားတဲ့ Flash ဗွီဒီယိုဟာ အမေရိကန်မှာ အငြင်းပွားဖွယ်နေရတဲ့ စိန်များ ရောင်းချမှုအကြောင်းကို တင်ပြထားတယ်။ အပြည်ပြည် ဆိုင်ရာ ဈေးကွက်မှာ ရောင်းချလိုက်တဲ့ စိန်တွေကနေ ရရှိတဲ့ နှစ်စဉ်အမြတ် သန်း $၂၀၀ ကို Sierra Leone မှာ ရှိတဲ့ Revolutionary United Front (RUF) က ဦးဆောင်တဲ့ ပြည်တွင်းစစ်ကို သက်ဆိုးရှည်ဖို့ ထောက်ပံ့ အသုံးပြုနေကြတယ်။ သက်ဝင်ကာတွန်းထဲမှာ ရိုးရိုး ရုပ်ပုံ အတော်များများ ထည့်သွင်းထားပြီး၊ လိုရင်းတိုရှင်းရှိတဲ့ စာတန်းနဲ့ စိတ်ဓါတ် နိုးဆွပေးနိုင်စွမ်းရှိတဲ့ အသံတွေနဲ့ Sierra Leone နေရာကနေ ယူအက်စ်မှာ ရှိတဲ့ လူတဦးတယောက်ရဲ့ လက်ထဲ စိန်တလုံး ရောက်သွားတဲ့ ခရီးစဉ်အကြောင်းကို တင်ပြထားတယ်။ အဲဒီ သက်ဝင်ကာတွန်းရဲ့ သွက်လက်ပေါ့ပါးမှုနဲ့ format တွေကို ပါးပါးနပ်နပ် စီစဉ် နေရာချထားတဲ့ပုံစံဟာ တခါတည်းနဲ့ ကြည့်ရှုလို့ အတော်လည်း ကောင်းသွားတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ပါဝင်တဲ့ အဖြစ်အပျက်တွေကြောင့် စိတ်မသက်မသာ ဖြစ်ခဲ့ရတယ်။ အဲဒီအထဲမှာ ပြည်သူလူထု၊ မိုင်း အလုပ်သမားတွေအပေါ် RUF တွေက Sierra Leone နေရာက စိန်မိုင်းတွင်းကို သူတို့ရဲ့ လက်ထဲမှာ ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လူမဆန်စွာ မတရားပြုကျင့်မှုတွေကို စက္ကန့်အနည်းငယ်သာ ရှိတဲ့ ရုပ်ရှင်ကားလေးနဲ့ တင်ဆက်သွားနိုင်တယ်။ သက်ဝင်ကာတွန်းဟာ နိုင်ငံအတွင်းမှာ ၀င်ရောက်လာတဲ့ အငြင်းပွားစရာ စိန်တွေကို ပိတ်ပင်ဖို ကွန်ဂရက် အဖွဲ့ဝင်တဦးကို အဆက်အသွယ် လုပ်နိုင်တဲ့ လိပ်စာ အပြည့်အစုံအပြင်၊ ပြည်သူလူထုဆီ ပန်ကြားချက်တခုနဲ့ အဆုံးသတ်သွားတယ်။ ဒါဟာ သင့်ရဲ့ ပရိသတ် အာရုံကို တခဏအတွင်းမှာ ဖမ်းယူနိုင်ပြီး၊ လူတိုင်းက အဲဒီ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ လက်တွေ့ကျကျ ပါဝင်လာအောင် ဆက်သွယ် ပေးနိုင်တဲ့ အကောင်းဆုံး ဥပမာ တခု ဖြစ်တယ်။ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့ ယူအက်စ်အေရဲ့ ကွန်ရက်စာမျက်နှာပေါ်က ဗွီဒီယိုကို ကြည့်ရှုရန်

 

အိမ်ရာမဲ့ သူများအကြောင်း ပညာပေး စည်းရုံးလှုပ်ရှားမှု

အဖွဲ့အစည်း - Bob Maguire ဖောင်ဒေးရှင်း၊ မဲလ်ဘုန်း၊ သြစတြေးလျ

ပန်းတိုင် - အိမ်ရာမဲ့သူများ အကြောင်း ပညာပေးမြှင့်တင်ရန်
 

ပရိသတ် - ပြည်သူလူထု

အမျိုးအစား - အမှိုက်ပုံးတွေထဲက စတစ်ကာများ

သြစတြေးလျ အဖွဲ့အစည်းတခု ဖြစ်တဲ့ Father Bob Maguire  ဖောင်ဒေးရှင်းဟာ အိမ်ရာမဲ့ သူတွေကို အဓိက ဦးတည်ချက် ထားတယ်။ မဲလ်ဘုန်းမြို့ထဲမှာ နေထိုင်ကြတဲ့ အိမ်ရာမဲ့သူတွေရဲ့ နေ့စဉ် အတိဒုက္ခရောက်နေမှုကို လူအများက သိရှိလာဖို့ ရည်ရွယ်ချက်နဲ့၊ အများသုံး အမှိုတ်ပုံးတွေကို ဆက်သွယ်ရေး နည်းလမ်းအဖြင့် အသုံးပြုပြီး guerilla ဈေးကွက်ထွင်ခြင်း (guerilla marketing) စည်းရုံးလှုပ်ရှားမှုကို စတင်ခဲ့ကြတယ်။ ဓါး၊ ခက်ရင်း၊ ဇွန်းနဲ့ လက်သုတ်ပုဝါတွေရဲ့ ပုံတွေ ပါတဲ့ စတစ်ကာတွေကို အမှိုက်ပုံးတွေရဲ့ အဖုံးပေါ်မှာ ကပ်ထားကြပြီး အမှိုက်ပုံးကို စားပွဲဝိုင်းပေါ်က အစားအစာတွေနဲ့ တူအောင် ဘောင်ခတ်ထားကြတယ်။ စည်းရုံးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဘရက် ၀ီလီယံက၊ ဒီလှုပ်ရှားမှုဟာ လမ်းသွားလမ်းလာ လူတွေဆီ ထိထိမိမိရှိတဲ့ သတင်းစကားကို ကူးစက် ပြန့်ပွားသွးစေတယ်လို့ ပြောသွားတယ် - “စည်းရုံးလှုပ်ရှားမှုကို အများပြည်သူသုံးတဲ့ အမှိုက်ပုံးတွေပေါ်မှာ ဗဟိုထားပြီး လူတွေက တာဝန်မဲ့ လွှင့်ပစ်လိုက်တဲ့ အရာတွေကို စားသုံးနေရတဲ့သူတွေ ရှိနေကြောင်း လူတွေကို အသိပေး သတိရလာစေတယ်။” အဲဒီ သတင်းစကားထဲမှာ ကြွေးကြော်သံ၊ တောင်းဆိုချက်တွေနဲ့တကွ - “အိမ်ရာမဲ့သူတွေဟာ နေ့တိုင်း ရုန်းကန်နေကြရတယ်။ ဒီနေ့ လှူဒါန်းကြပါ၊ အိမ်ရာမဲ့တဲ့ သူတွေကို ကျွေးမွေးကြရအောင်။” စတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး အိမ်တိုင်ရာရောက် ချီတက်သွားကြတယ်။ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က မြို့နယ် ၅၀ မှာရှိတဲ့ အဲဒီ ဖောင်ဒေးရှင်းရဲ့ စတစ်ကာတွေကို နှစ်လကြာ ဆက်လက် ထားရှိဖို့ သဘောတူလိုက်ကြတယ်။ ဒီစည်းရုံးလှုပ်ရှားမှုဟာ တန်ဖိုးမများတဲ့ format ကို သုံးပြီး အထင်မှတ်တဲ့ ကြီးမားတဲ့ သက်ရောက်မှုတွေ ပေါ်ထွက်လာစေ၊ စဉ်းစား တွေးခေါ်လာစေတဲ့ သတင်းစကားမျိုး ဖြစ်တယ်။

ဖာသာ ဘွတ်ရဲ့ ဘလော့ဂ်စာမျက်နှာ

 

ကလေးသူငယ်များ အလုပ်ခိုင်းစေမှုကို ဆန့်ကျင်တဲ့ ပိုစတာများ

အဖွဲ့အစည်း - Good50X70, ကွန်ရက် အခြေပြု အမ်စတာဒမ်၊ နယ်သာလန်နဲ့ မီလန်၊ အီတလီ
 

ပန်းတိုင် - ကလေးသူငယ်များ အလုပ်ခိုင်းစေမှုအပေါ် အသိပေးပညာပေးမှု တိုးပွားစေရန်နဲ့ လူသားချင်း စာနာတဲ့ အရေးကိစ္စတွေအတွက် အစီအစဉ် ရေးဆွဲလာရန်
 

ပရိသတ် - အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေးအဖွဲ့၊ AMREF, မြစိမ်းရောင် ငြိမ်းချမ်းရေးအဖွဲ့၊ LILA တို့ကို ကူညီထောက်ပံ့ပေးနေသူများနဲ့ မိတ်ဖက်များ၊ ကမ္ဘာ့ တောရိုင်း တိရိစ္ဆာန် ထိန်းသိမ်းရေး အပါအ၀င် တခြား NGOs များနဲ့ wider design အစုအဖွဲ့။

အမျိုးအစား - ပိုစတာပေါ်က ဓါတ်ပုံများနဲ ရုပ်ပုံများ “ပိုစတာတခုက စွမ်းဆောင်နိုင်တဲ့ သတင်းစကားကို ချက်ခြင်း ဆက်သွယ်ပြန့်နှံ့စေနိုင်တဲ့ တခြား နည်းလမ်းမရှိဘူး” ဆိုပြီး ထိရောက်တဲ့ လူမှု ဆက်သွယ်ရေးနဲ့ တက်ကြွလှုပ်ရှားမှုကို ဦးဆောင်ပေးနေတဲ့ aweb-ကွန်ရက် အခြေစိုက် အဖွဲ့အစည်း people behind Good50X70 က ပြောဆိုသွားတယ်။ သူတို့ဟာ ပန်းချီဆရာတွေ၊ တက်ကြွ လှုပ်ရှားသူတွေ၊ ဒီဇိုင်း ဖန်တီးရှင်တွေနဲ့ ဓါတ်ပုံဆရာတွေစတဲ့ ပုဂ္ဂိုလ် တဦးတယောက်ချင်းအတွက် နှစ်စဉ် ပြိုင်ပွဲတခုကို ကျင်းပလေ့ ရှိကြတယ်၊ အဲဒီမှာ NGOs အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့နဲ့၊ မြစိမ်းရောင် ငြိမ်းချမ်းရေးအဖွဲ့တို့က ပေးပို့တဲ့ ကမ္ဘာတ၀ှမ်းက လူ့အခွင့်အရေး ပြဿနာ ခုနှစ်ခုထဲက တခုအကြောင်းနဲ့ ပါတ်သက်ပြီး ပိုစတာတခုကို ဒီဇိုင်း ရေးဆွဲစေတာ ဖြစ်တယ်။ ရွေးချယ်ခံရတဲ့ ပိုစတာတွေကို ပြပွဲအခမ်းအနားမှာ ပြသဖို့ စုဆောင်းထားပြီး ကူညီရေး အသင်းအဖွဲ့တွေရဲ့ ကိုယ်ပိုင် စည်းရုံး လှုပ်ရှားမှုတွေမှာ အသုံးပြုဖို့ ထားရှိကြတယ်။ အဲဒီ ပိုစတာတွေကို အင်တာနက်၊ အများပြည်သူ နေထိုင်တဲ့ နေရာတွေမှာ ဖြန့်ဖြူးခဲ့ကြပြီး အသုံးပြုလိုတဲ့ ကူညီရေး အသင်းအဖွဲ့တွေအတွက် အဖိုးတန်တဲ့ အရင်းအမြစ်တခု အဖြစ် ပံ့ပိုးမှုတွေ ပြုလုပ်ကြတယ်။ ရွေးချယ်ခံရတဲ့ ရုပ်ပုံတွေဟာ ၂၀၀၉ ပြိုင်ပွဲမှာ အ၏စိတ်အပိုင်း တခု အဖြစ် ပါဝင်လာကြပြီး ပြသချက်ထဲက အားလုံးလိုလုဟာ အဓိက အားဖြင့် ကလေးသူငယ် အလုပ်ခိုင်းစေမှု၊ ကလေးသူငယ်တွေ အလုပ် လုပ်တာဟာ သူတို့ရဲ့ တိုးတက်ရေးအတွက် ပညာသင်တဲ့ အရွယ်နဲ့ အပ်စပ်မှု မရှိဘူး ဆိုတဲ့ စတန်းတွေနဲ့ ဝေမျှခဲ့ကြတယ်။ အဲဒီ ဥပမာတွေဟာ အလွန် ရိုးရှင်းပြီး  - ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ရုပ်ပုံတွေကိုပဲ လူတိုင်းက အသုံးပြုကြတယ် - မျက်စိပဒေသာကို စွဲဆောင်စေတဲ့ အကြောင်းအရာနဲ့ စိတ်ထိခိုက်စေ၊ ကိုယ်ချင်းစာနာစေနိုင်တဲ့ သတင်း စကားမျိုး ထွက်ပေါ်လာတာကတော့ လက်တွေ့ အထင်အရှားပဲ ဖြစ်တယ်။ ဒီနည်းနဲ့၊ ရုပ်ပုံတွေက စာတန်းတွေ၊ ရှင်းလင်း ဖေါ်ပြချက်တွေ မပါပဲ စကားပြောနိုင်တယ်။ Good50X70 ကွန်ရက် စာမျက်နှာမှာ တခြား ရုပ်ပုံတွေ ရရှိနိုင်တယ်