Hosting နဲ့ Domains များ

 

ကွန်ရက် စာမျက်နှာကို ကိုယ်ပိုင် ဆာဗာပေါ်မှာ ထားရှိဖို့ ဆိုတာ အဖွဲ့အစည်း တခု အနေနဲ့ လုပ်စရာတွေ အများကြီး ပိုလာနိုင်သလို နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု အများကြီး လိုအပ်လာမှာ ဖြစ်တဲ့အပြင်၊ ဆက်လက် ပံ့ပိုးသွားမဲ့ အလုပ်တွေလည်း ရှိလာမှာ ဖြစ်တယ်။ ဒါကြောင့် ပြင်ပက ၀န်ဆောင်မှု တခုခုကို ရွေးချယ် အသုံးပြုတာ အကောင်းဆုံး ဖြစ်တယ်။ ၀န်ဆောင်မှုတွေကို လေ့လာပြီး မိတ်ဆွေတွေဆီက အကြံအဉာဏ်တွေကို တောင်းခံနိုင်တယ်။

ဒိုမိန်း ဆိုတာ အရေးပါတဲ့ အင်တာနက် ပိုင်နယ် ဖြစ်တယ် - မိမိကိုယ်တိုင်က မှတ်ပုံတင်ဖို့ လိုတယ်။ ကိုယ်ပိုင် သီးခြား ဒိုမိန်း တခုချင်းကို ၀ယ်ယူရမှာ ဖြစ်တယ်။ ဖြစ်နိုင်ရင် မိမိရဲ့ နိုင်ငံ အမည်ပါတဲ့ (ဥပမာ အားဖြင့် တောင်အမေရိကအတွက် .za (သို့) ထိုင်းနိုင်ငံအတွက် .th)၊ .org, .com နဲ့ .net စတာတွေနဲ့ မှတ်ပုံတင်ပါ။ ဒီနည်းနဲ့ သင့်ရဲ့ ပြိုင်ဖက်တွေဆီ ရောက်မသွားအောင် တားဆီးနိုင်တယ်။ မိမိရဲ့ ဒိုမိန်း နာမည်ကို ဖြစ်နိုင်တယ် ဆိုရင် လာမဲ့ နှစ်ပေါင်းအတော်ကြာအတွက် ကြိုတင် ၀ယ်ယူထားတာ ကောင်းတယ်။

မိမိရဲ့ ဒိုမိန်းကို ကောင်းကောင်း မွန်မွန် ဂရုစိုက်ဖို့ အရေးကြီးတယ်။ ဒိုမိန်းကို မှတ်ပုံတင်ထားပါ၊ ဆက်သွယ်ရန် အီးမေးလ် လိပ်စာတွေကို အမြဲတမ်း မွမ်းမံပါ၊ ဒိုမိန်းထဲကို ၀င်ရောက်တဲ့အခါ အသုံးပြုတဲ့ user names နဲ့ passwords တွေကို မပျောက်စေပါနဲ့။

 

ဒိုမိန်းတခု ရယူခြင်း


myorganisation.org လို ဒိုမိန်း အမည်တခုကို ရယူဖို့ ဆိုတာ ထင်သလို အခက်ကြီး မဟုတ်ပါဘူး။ ကွန်ရက် စာမျက်နှာ အတော်များများကို host လုပ်ပေးတဲ့ ၀န်ဆောင်မှုတွေက သင့်အနေနဲ့ အကောင့် တခုကို ဖွင့်လိုက်တဲ့အခါ ဒိုမိန်း အမည်ကိုပါ မှတ်ပုံတင်ပေးနိုင်တယ်။ ဒါပေမဲ့ ကွန်ရက် စာမျက်နှာကို မဖွင့်ခင်မှာလည်း၊ ကိုယ်ပိုင် ဒိုမိန်း အမည်ကို မိမိ ကိုယ်တိုင် မှတ်ပုံတင်နိုင်တယ်။ စီးပွားရေး ၀န်ဆောင်မှု ပေးတဲ့ လုပ်ငန်းတွေ ဖြစ်ကြတဲ့ godaddy.com (သို့) networksolutions.com တို့ဟာ ကိုယ်ပိုင် ဒိုမိန်းကို ၀ယ်ယူနိုင်တဲ့ နေရာတွေ ဖြစ်တယ်။ အကယ်လို့ ကွန်ရက် စာမျက်နှာ တခုကို ဖွင့်ချင်တယ်၊ ဒါပေမဲ့ လုံခြုံရေးနဲ့ ပါတ်သက်ပြီး စိုးရိမ်တယ် ဆိုရင်၊ ဒိုမိန်း ပိုင်ရှင် ဖေါ်ပြမပေးတဲ့ အမည်ဝှက် hosting ၀န်ဆောင်မှု ပေးတဲ့ ဌာနတွေလည်း ရှိတယ်။ ဒီလို ဌာန တချို့က ၀န်ဆောင်ခကို အကြွေးဝယ်ကဒ်နဲ့ လက်မခံပဲ Western Union ငွေလွှဲဌာနနဲ့ပဲ ပေးဆောင်ရလေ့ရှိတယ်။

အကယ်လို့ ဒိုမိန်း တခုကို ကွန်ရက် စာမျက်နှာ host လုပ်တဲ့ နေရာကနေ ၀ယ်ယူထားတယ် ဆိုရင်၊ host လုပ်နိုင်တဲ့ တခြားနေရာကို ပြောင်းချင်တဲ့အခါ အခက်အခဲ မရှိ ရွှေ့ပြောင်းခွင့် ရှိမရှိ သဘောတူညီချက် စာတမ်းကို ဂရုတစိုက် ဖတ်ရှုပါ။ ကိုယ်ပိုင် ဒိုမိန်း နာမည်ကို ပိုင်ဆိုင်ထားတယ် ဆိုတာ လက်ရှိ လက်ခံရယူနေတဲ့ ၀န်ဆောင်မှုအပေါ် ကျေနပ်မှု မရှိတဲ့အခါ၊ သင့်ရဲ့ ကွန်ရက် စာမျက်နှာကို အခြားတနေရာကို ရွှေ့ပြောင်းနိုင်တာကို ဆိုလိုတယ်။
 

တက်ကြွလှုပ်ရှားသူနဲ့ အင်ဂျီအိုတွေ အသုံးပြုတဲ့ ကွန်ရက် စာမျက်နှာ host လုပ်တဲ့ နေရာများ


Internet Service Providers (သို့) ISPs လို့ ခေါ်တဲ့ ကွန်ရက် စာမျက်နှာ hosts တွေဟာ ကွန်ရက် စာမျက်နှာပေါ်မှာ တင်ပို့ထားတဲ့ အကြောင်းအရာတွေနဲ့ လာရောက် ကြည့်ရှုတဲ့ သူတွေရဲ့ အချက်အလက်တွေကို သိရှိနိုင်တယ်။ ဒါလို အခြေအနေတွေကြောင့်၊ အကယ်လို့ သင့်အနေနဲ့ အထိခိုက် မခံတဲ့ သတင်း အချက်အလက်တွေကို ကိုင်တွယ်နေရတယ် ဆိုရင်၊ (သို့) အန္တရာယ်ကြီးတဲ့ အစုအဖွဲ့ တခုခုအတွက် အလုပ်လုပ်ပေးနေတယ် ဆိုရင်၊ သင့်ရဲ့ ကွန်ရက် စာမျက်နှာကို host လုပ်ထားတဲ့ ISP ရဲ့ မူဝါဒတွေကို ဂရုတစိုက် ဖတ်ရှုဖို့ လိုတယ်။ ဘာကြောင့်လဲ ဆိုတော့၊ သူတို့ဟာ ဥပဒေကြောင်းလမ်းအရ၊ သင့်ရဲ့ ကွန်ရက် စာမျက်နှာနဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက်တွေကို အသေးစိတ် မှတ်တမ်းတင်ခွင့် ရှိပြီး၊ အဲဒီ အချက်အလက်တွေကို အာဏာပိုင်တွေက တောင်းခံလာတဲ့အခါ ပေးအပ်ရမှာ ဖြစ်တယ်။ အကယ်လို့ အထိခိုက် မခံတဲ့ အမှုကိစ္စတွေကို ဆောင်ရွတ်နေတယ် ဆိုရင် သင့်ရဲ့ ကွန်ရက် စာမျက်နှာကို နေရင်း နိုင်ငံရဲ့ ပြင်ပမှာ host လုပ်ဖို့ စဉ်းစားရလေ့မယ်။ ဒါဟာ လုံခြုံမှု ရှိတဲ့ ဖြေရှင်းနည်း မဟုတ်ပေမဲ့၊ အစိုးရ (သို့) နယ်ခံ အာဏာပိုင်တွေက ဒေတာတွေကို တောင်းဆိုလာမဲ့ အခြေအနေမျိုးကို ရှောင်ရှားနိုင်တယ်။

ISP တခုခုကို ရှာနေတယ် ဆိုရင်၊ ဆော့ဗ်ဝဲတွေ၊ အကြောင်းအရာ updates တွေကို အသုံးပြုပြီး၊ သင့်ရဲ့ ကွန်ရက် စာမျက်နှာကို နည်းပညာအရ ထိန်းသိမ်းစောင့်ကြည့်ပေးနိုင်တဲ့ သူကို ရွေးချယ်ပါ။ အဲဒီလို ကိစ္စတွေကို ISP ကနေ လုပ်ပေးစေချင်သလား။ အကယ်လို့ ဒီမေးခွန်းကို ဖြေဖို့ အခက်အခဲ ရှိနေတယ် ဆိုရင်၊ updates တွေကို ISP က တာဝန်ယူပေးဖို့ အပ်ထားနိုင်တယ်။ ဒါပေမဲ့၊ နည်းပညာနဲ့ ဆိုင်တဲ့ ၀န်ထမ်း တဦးဦး ရှိတယ် ဆိုရင်၊ (သို့) နည်းပညာအရ အကူအညီပေးနိုင်တဲ့ ပုဂ္ဂိုလ် (သို့) စေတနာ့ ၀န်ထမ်း တဦးဦးနဲ့ သိကျွမ်းထားတယ် ဆိုရင်၊ သူတို့ရဲ့ အကူအညီနဲ့ updates တွကို စီမံလုပ်ဆောင်ပြီး အသုံးပြုဖို့ သင် စီစဉ်ထားတဲ့ CMS လို့ ခေါ်တဲ့ အကြောင်းအရာ စီမံခန့်ခွဲရေး နည်းစနစ်ကို အသုံးပြုပါ။

တခြား စဉ်းစားရမဲ့ အချက်ကတော့ ကွန်ရက် စာမျက်နှာမှာ ပါရှိတဲ့ အကြောင်းအရာတွေကို သုံးစွဲသူတွေက အလွယ်တကူ ၀င်ရောက် လုပ်ကိုင်နိုင်အောင် အာမခံချက် ပေးတဲ့ ISP မျိုးကို ရှာပါ။ ဥပမာ အားဖြင့်၊ bandwidth ဟာ သုံးစွဲသူတွေရဲ့ ကွန်ရက် စာမျက်နှာ တခုခုကနေ ဒေါင်းလုဒ် လုပ်နိုင်တဲ့ အမြန်နှုန်းကို ဖြစ်ဖြစ်၊ အဲဒီ ကွန်ရက် စာမျက်နှာကို တပြိုင်ထဲ ကြည့်ရှုနေကြတဲ့ သုံးစွဲသူတွေအပေါ်မှာ ဖြစ်ဖြစ် သက်ရောက်မှု ရှိစေတယ်။ အထူးသဖြင့်၊ multimedia လို့ ခေါ်တဲ့ ရုပ်သံကဏ္ဍစုံ အကြောင်းအရာကို အသုံးပြုမယ် ဆိုရင် ပိုအရေးကြီးတယ်။ အောက်မှာ ဖေါ်ပြထားတဲ့ အဖွဲ့အစည်း တချို့ဟာ အခမဲ့၊ ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲ ကိရိယာတွေကို အသုံးပြုပြီး တက်ကြွ လှုပ်ရှားသူတွေနဲ့ အစီအစဉ် ကျင်းပသူတွေကို အခမဲ့ (သို့) ဈေးသက်သာတဲ့ hosting ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးနေကြတယ်။ ဒါဟာ ရွေးချယ်စရာ အနည်းအကျဉ်းကိုသာ ဖေါ်ပြပေးတာ ဖြစ်ပြီး၊ ဒီနေရာမှာ ဖေါ်ပြမထားတဲ့ အရာတွေ အများကြီး ရှိသေးတယ်။ သင် နေထိုင်တဲ့ အချိန်ဇုံနဲ့ အနီးအနားမှာ ရှိတဲ့ အင်တာနက် ၀န်ဆောင်မှု ပံ့ပိုးသူ ဖြစ်တဲ့ ISP တခုခုနဲ့ အဆက်အသွယ်လုပ်တဲ့ နေရာမှာ ပိုပြီး လွယ်ကူစေဖို့ တိုက်ကြီး (continent) အလိုက် ခွဲခြားထားတယ်။

မိတ်ဆွေ အဖွဲ့အစည်းတွေက အသုံးပြုနေကြတဲ့ ကွန်ရက် စာမျက်နှာ hosts တွေနဲ့ ပါတ်သက်တဲ့ အကြောင်းကို မေးမြန်း စုံစမ်းပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မေးမြန်းနိုင်တယ်။

အာဖရိကတိုက်
 
  • Kabissa - အာဖရိကတိုက်ကို အဓိက အာရုံစူးစိုက်တဲ့ အမေရိကန် အခြေစိုက် အဖွဲ့အစည်း တခု ဖြစ်ပြီး ရာနဲ့ ချီတဲ့ အောက်ခြေ အဖွဲ့အစည်းတွေကို အင်တာနက် ၀န်ဆောင်မှုတွေ၊ သင်တန်း၊ အီးမေးလ် စာရင်းတွေနဲ့ ကွန်ရက် စာမျက်နှာတွေကို ပံ့ပိုးပေးတယ်။
  • InterConnection - အမေရိကန် အခြေစိုက် အကျိုးအမြတ် မယူတဲ့ အဖွဲ့အစည်း တခု ဖြစ်ပြီး အာဖရိက အင်ဂျီအိုတွေကို အခမဲ့ (သို့) လျှော့ဈေးနဲ့ တပတ်ရစ် ကွန်ပျူတာတွေကို ပံ့ပိုးပေးတယ်။
  • Development CAFE  - တခြားသူတွေအတွက် အလုပ်လုပ်နေကြတဲ့ အင်ဂျီအိုတွေကို ကွန်ရက် စာမျက်နှာ တည်ဆောက်မှု၊ စီမံခန့်ခွဲမှု၊ သင်တန်းနဲ့ အကြံပေးတဲ့ ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးတယ်။
  • HR Info - အထူးသဖြင့်၊ အီဂျစ်၊ ဆူဒန်နဲ့ တူနီးရှား စတဲ့ အာရပ်ကမ္ဘာမှာ ရှိကြတဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေနဲ့ အင်ဂျီအိုတွေကို အကန့်အသတ်နဲ့ ကွန်ရက် စာမျက်နှာ hosting ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးတယ်။
 
အာရှ-ပစိဖိတ်
 
  • Jinbo - ကိုးရီးယားမှာ ရှိတဲ့ အင်ဂျီအိုတွေအတွက် အင်တာနက် ၀န်ဆောင်မှုနဲ့ သင်တန်းတွေ အပါအ၀င် ကွန်ပျူတာ ဆက်သွယ်ရေး ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးတယ်။
  • Mahiti Infotech - အိန္ဒိယနိုင်ငံမှာ ရှိတဲ့ လူမှု အဖွဲ့အစည်းတွေအတွက် အခမဲ့ပြီး ပွင့်လင်းတဲ့ အရင်းအမြစ် ဆော့ဗ်ဝဲကို အခြေခံထားတဲ့ ရိုးရှင်းပြီး ဈေးနှုန်း သက်သာတဲ့ ICT ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးတယ်။
  • C2 Centrewest  - အကျိုးအမြတ်ကို မယူတဲ့ ကွန်ရက် စာမျက်နှာ hosting တခု ဖြစ်ပြီး၊ သြစတြေးလျ-အာရှ ဒေသမှာ ရှိကြတဲ့ တက်ကြွ လှုပ်ရှားသူတွေကို ကျယ်ကျယ်ပြန့်ပြန့် ကွန်ရက် ချိတ်ဆက်နိုင်အောင် အွန်လိုင်း ထုတ်ပြန်ရေး နည်းစနစ်တွေကို ပံ့ပိုးပေးတဲ့ အဖွဲ့အစည်း ဖြစ်တယ်။

ဥရောပ

 
  • XS4All - ဒတ်ခ်ျ အခြေစိုက် ISP တခု ဖြစ်ပြီး စီးပွားရေး လုပ်ငန်းနဲ့ တက်ကြွ လှုပ်ရှားသူတွေအတွက် လုံခြုံတဲ့ ဆက်သွယ်ရေး အခြေခံ အဆောက်အဦးကို ပံ့ပိုးပေးတယ်။
  • Autistici/Inventati - အီတလီနိုင်ငံမှာ ကွန်ရက် စာမျက်နှာ hosting လုပ်တာ၊ အီးမေးလ် စာရင်းတွေ၊ ဘလော့ဂ်တွေနဲ့ တခြား ၀န်ဆောင်မှုတွေ အပါအ၀င်၊ လွတ်လပ်ပြီး လုံခြုံတဲ့ ဆက်သွယ်ရေးတွေကို ကျယ်ကျယ်ပြန့်ပြန့် ကူညီ လုပ်ဆောင်ပေးတဲ့ အဖွဲ့ ဖြစ်တယ်။
  • GreenNet - ငြိမ်းချမ်းရေး၊ ပတ်ဝန်းကျင်၊ ယောင်္ကျား မိန်းမ တန်းတူညီမျှမှု ရှိရေးနဲ့ လူမှု တရားမျှတရေးတို့ကို သတင်းနဲ့ နည်းပညာ ဆက်သွယ်ရေး အကူအညီနဲ့ တိုးချဲ့ လုပ်ဆောင်နေတဲ့ အစုအဖွဲ့ တခု ဖြစ်တယ်။

လက်တင် အမေရိက
 
  • Rits - ဘရာဇီးနိုင်ငံမှ အကျိုးအမြတ်ကို မယူတဲ့ အဖွဲ့အစည်း တခု ဖြစ်ပြီး၊ သူ့ရဲ့ ဦးတည်ချက် ကတော့ လူမှု အဖွဲ့အစည်းတွေနဲ့ လူမှု လှုပ်ရှားမှုတွေကို ဖွံ့ဖြိုး တိုးတက်စေဖို့အတွက် အဓိက လုပ်ဆောင်နေတဲ့ virtual network ခေါ် အမြင်တု သတင်း ကွန်ရက် တခု အနေနဲ့ ရပ်တည်ဖို့ ဖြစ်တယ်။
  • Saravá - ဘရာဇီးနိုင်ငံမှ multidisciplinary collective ခေါ် နည်းလမ်းစုံ အဖွဲ့အစည်း တခု ဖြစ်ပြီး၊ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ တက်ကြွ လှုပ်ရှားသူတွေရဲ့ နည်းပညာ သုံးစွဲမှုကို တိုးတက် ကောင်းမွန်စေဖို့ ဖြစ်တယ်။
မူပိုင်ခွင့် လိုင်စင်ပြဋ္ဌာန်းတာဟာ သတင်းမီဒီယာ အားလုံးရဲ့ လုပ်ငန်းလည်ပတ်မှုမှာ အရေးကြီးတဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်။ မူပိုင်ခွင့်ဟာ ရေးသားသူရဲ့ မူရင်း လုပ်ဆောင်ချက် အခွင့်အရေး ဖြစ်ပြီး၊ အဲဒီ မူရင်းနဲ့ သက်ဆိုင်တဲ့ အချိန်အတိုင်းအတာ တခု အတော်အတွင်း ပုံနှိပ်ထုတ်ဝေတာ၊ ဖြန့်ဝေတာနဲ့ ပြင်ဆင်တာတွေ ပါဝင်သည်။