IP လိပ်စာ ဖျောက်ထားခြင်း

 

အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတိုင်းမှာ IP လိပ်စာ ကိုယ်စီ ရှိကြတယ်။ အဲဒီ လိပ်စာတွေဟာ စက်ပိုင်းဆိုင်ရာ လိပ်စာတွေနဲ့ မတူကြဘူး၊ ဒါပေမဲ့ စက်ပိုင်းဆိုင်ရာ လိပ်စာကို ထက်မြက်တဲ့ system administrator အဖြစ် လည်ပတ် အလုပ်လုပ်စေနိုင်တယ်။ အကယ်လို့ ISP တခုခုမှာ အလုပ်လုပ်တယ် ဆိုရင်၊ ဖုန်းနံပါတ်နဲ့ တွဲထားတဲ့ IP လိပ်စာကို ရင်းနှီးထားပြီး ဖြစ်လိမ့်မယ်။ အဲဒီဖုန်းနံပါတ်က သတ်မှတ်တဲ့ အချိန်တခုမှာ IP ကို တောင်းလေ့ရှိတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ အမည်မဖေါ်ပဲ အလုပ် လုပ်ချင်တယ် ဆိုရင်၊ ဒီ IP လိပ်စာကို ဖျောက်ထားတာ ကောင်းတယ်။

အကယ်လို့ ဘလော့ဂ် တခုခုကို နေအိမ်ကနေ (သို့) ရုံကနေ တည်ဆောက်ချင်တယ် ဆိုရင် ဘာလုပ်ရမလဲ -

က) Firefox ကို Install လုပ်ပါ
Mozilla ကွန်ရက်စာမျက်နှာမှာ Download လုပ်နိုင်တယ် (သို့) ဒီကွန်ရက်ပေါ်က Firefox အခန်းမှာ ရှာကြည့်ပါ။ ပြီးရင် ကွန်ပျူတာထဲမှာ install လုပ်လိုက်ပါ။ (ဆက်လက်ဖတ်ရှုရန်)



ဘာကြောင့် သုံးစွဲရတာလဲ။


Internet Explorer မှာ အွန်လိုင်း လုံခြုံရေးကို အန္တရာယ် ဖြစ်စေတဲ့ လုံခြုံရေး ယိုပေါက်တွေ ရှိတယ်။ အဲဒီ ယိုပေါက်တွေဟာ တခြား browsers တွေမှာထက် IE ပေါ်မှာ အစည်းမဖြည်ပဲ ကျန်ရှိနေတတ်တယ်။ (ဒါကို မယုံရင် Bruce Schneier ကို မေးကြည့်ပါ။) ကွန်ရက် စာမျက်နှာ တခုခုကနေ အမှတ်တမဲ့ ဒေါင်းလုဒ် လုပ်လိုက်တဲ့ spyware တွေ ၀င်ရောက်လာနိုင်တဲ့ အန္တရာယ် အရှိဆုံး browser ဖြစ်တယ်။ ထုတ်ပြန်လိုက်တဲ့ privacy tools အတော်များများကို Torbutton အပါအ၀င် Firefox မှာ အသုံးပြုနိုင်အောင် အထူး စီမံရေးဆွဲထားကြတယ်၊ ဒီအကြောင်းတွေကို နောက်အပိုင်းမှာ လေ့လာသွားမှာ ဖြစ်တယ်။