ခြေရာများကို ဖုံးကွယ်ခြင်း

 

က) လက်ဆွဲ ကွန်ပျူတာ (သို့) စားပွဲတင် ကွန်ပျူတာမှာ သင် ရေးသားတဲ့ တင်ပို့ချက် အကြမ်းတွေကို လုံလုံခြုံခြုံ ပယ်ဖျက်ပါ။ အကယ်လို့ တင်ပို့ချက်တွေကို USB တခုခုနဲ့ ဆိုင်ဘာကဖေးကို ယူလာတယ် ဆိုရင်၊ အဲဒါကိုလည်း ပယ်ဖျက်ဖို့ လိုတယ်။ ဖိုင်ကို trash ထဲ ထည့်ပြီး empty the trash ကို နှိပ်လိုက်ရုံနဲ့ မလုံလောက်ဘူး - Eraser (သို့) Ccleaner လို လုံလုံခြုံခြုံ ပယ်ဖျက်ပေးတဲ့ ကိရိယာ တခုခုကို အသုံးပြုပါ။ ဒေတာ ဖိုင်အဟောင်းတွေကို ဆယ်တင်လို့ မရအောင် ဖျက်ဆီး (overwrites) ပေးမှာ ဖြစ်တယ်။ Macintosh စက်ထဲမှာ၊ ဖိုင် တဖိုင်ကို trash ထဲမှာ ထည့်ပြီး Finder Menu ကနေ “Secure Empty Trash” ကို ရွေးချယ်ခြင်းဖြင့် လုံလုံခြုံခြုံ ပယ်ဖျက်နိုင်တယ်။

ခ) Firefox ပေါ်က Browser မှတ်တမ်း (history)၊ cookies နဲ့ စကားဝှက်တွေကို ရှင်းလင်းပါ။ Tools menu အောက်က “Clear Private Data” ကို ရွေးပါ။ checkboxes အားလုံးကို Check လိုက်ပြီး “okay” ကို နှိပ်ပါ။ Firefox ကို ပိတ်လိုက်တဲ့အခါ ဒေတာတွေကို အလိုအလျောက် ရှင်းလင်းပေးဖို့ သတ်မှတ်ထားနိုင်တယ်။ “Firefox -> Preferences -> Privacy -> Settings” ကို သွားပြီး သတ်မှတ်နိုင်တယ်။ “Clear private data when closing Firefox” ဆိုတဲ့ checkbox ကို ရွေးလိုက်ပါ။ ကွန်ပျူတာထဲမှာ ပရိုဂရမ်တွေကို install လုပ်လို့ မရရင်၊ browser ရဲ့ ယာယီ ဒေတာတွေကို ရှင်းလင်းဖို့ USB ချောင်းထဲက IE Privacy Cleaner ကိရိယာကို အသုံးပြုနိုင်တယ်။

 


ဘာကြောင့် သုံးစွဲရတာလဲ။

လူတဦးတယောက်ဟာ သင် ကြည့်ရှုခဲ့တဲ့ ကွန်ရက် စာမျက်နှာတွေကို browser history ကနေ အလွယ်တကူ သိရှိနိုင်တယ်။ ခေတ်မီပြီး ခိုးကြည့်နိုင်တဲ့ ကိရိယာတွေနဲ့ သင့်ရဲ့ cache files တွေကို စစ်ဆေးပြီး browsing histories တွေအပြင်၊ သင် ကြည့်ရှုခဲ့တဲ့ ကွန်ရက် စာမျက်နှာတွေ ဗားရှင်းတွေကိုပါ သိရှိနိုင်တယ်။ အများသုံး ကွန်ပျူတာထဲက ဒေတာ အားလုံးကို တခြား သုံးစွဲသူတွေ မတွေ့နိုင်အောင် ရှင်းလင်းပစ်ဖို့ လိုတယ်။ အကယ်လို့ ကွန်ပျူတာ ပျောက်သွားတယ်ဆိုရင်၊ အခိုးခံရတယ် ဆိုရင် (သို့) အဖမ်းခံရတယ် ဆိုရင်၊ ကျွန်ပ်တို့ တင်ပို့ခဲ့တဲ့ တင်ပို့ချက်တွေနဲ့ ဆက်စပ်မှု မရှိအောင်၊ တကိုယ်ရေသုံး ကွန်ပျူတာထဲက ဒေတာတွေ အားလုံးကို ဖယ်ထုတ်ဖို့လိုတယ်။

တခြား စဉ်းစားရမဲ့ အချက်များ

ကိုယ်ပိုင် ဘလော့ဂ်ကို ရေးသားတဲ့အခါ ကိုယ့်ဟာကိုယ် ကာကွယ်ရုံနဲ့ မလုံလောက်ဘူး။ အကယ်လို့ “nom de blog” ကို အသုံးပြုပြီး တခြား ဘလော့ဂ်တွေမှာ မှတ်ချက် ပေးတော့မယ် ဆိုရင်၊ Tor ကို အသုံးပြုဖို့ လိုတယ်။ ဘလော့ဂ် ဆော့ဗ်ဝဲ အများစုဟာ မှတ်ချက် ပေးတဲ့ သုံးစွဲသူရဲ့ IP လိပ်စာကို မှတ်ထားလေ့ ရှိကြတယ်။ အကယ်လို့ Tor ကို အသုံးမပြုဘူး ဆိုရင်၊ အဲဒီ ကွန်ရက် စာမျက်နှာကို အသုံးပြုတဲ့ လူတိုင်းက အဲဒီ IP လိပ်စာကနေတဆင့် သင် သုံးစွဲနေတဲ့ ကွန်ပျူတာကို ခြေရာခံနိုင်တယ်။ Tor ဟာ ကွန်ဒုံးနဲ့ တူတယ်။ အန္တရာယ် မကင်းတဲ့ ဘလော့ဂ် ရေးသားမှုတွေကို ရှောင်ပါ။

 
  • ကိုယ့်ဟာကိုယ် နာမည်ဝှက်ထားတဲ့အတွက် သင့်ရဲ့ ဘလော့ဂ် လုံခြုံသွားပြီလို့ ပြောလို့ မရဘူး။ Wordpress မှာ ရှိတဲ့ “Presentation” tab ထဲမှာ လုပ်စရာ options တွေ အများကြီး ရှိတယ်။ ပုံစံခွက် (templates) အမျိုးမျိုးကို ရွေးနိုင်တယ်၊ ဓါတ်ပုံတွေကို တင်ပို့ပြီး စိတ်ကြိုက် ဖန်တီးနိုင်တယ်။ ဒါပေမဲ့ ကိုယ်ပိုင် ဓါတ်ပုံတွေကို အသုံးပြုတဲ့အခါ၊ အထူး သတိထားပါ။ ဓါတ်ပုံ တပုံကို တင်လိုက်တဲ့အတွက် ကိုယ်နဲ့ ပါတ်သက်တဲ့ သတင်း အချက်အလက် အတော်များများကို ဖြန့်လိုက်သလို ဖြစ်သွားနိုင်တယ် (ဥပမာ အားဖြင့်၊ ဇန်ဘီးယားနိုင်ငံမှာ ဓါတ်ပုံ ရိုက်ခဲ့တယ် ဆိုရင်၊ သင်ဟာ ဇန်ဘီးယားမှာ ရောက်ခဲ့တယ် ဆိုတဲ့ သဘော သက်ရောက်သွားတယ်)။

 
  • မိမိရဲ့ လုံခြုံရေးအတွက် တကယ် စိတ်ပူတယ် ဆိုရင်၊ Firefox browser ကို ဖွင့်ပြီး Java ကို ပိတ်ထားဖို့ လိုတယ်။ လတ်တလော ထုတ်ပြန်လိုက်တဲ့ Java မှာ မနှစ်မြို့စရာ လုံခြုံရေး အန္တရာယ်တွေ ရှိနေတတ်တယ်။ အကယ်လို့ TOR ကို အသုံးပြုနေရင်လည်း အဲဒီ Java မှာ ပါတဲ့ ကွန်ပျူတာရဲ့ IP လိပ်စာကို ထောက်လှမ်းနိုင်တဲ့ script တမျိုးဟာ အလုပ်လုပ်လာမှာ ဖြစ်တယ်။ WordPress.Com (သို့) Google ဟာ ဒီလို အန္တရာယ် ရှိတဲ့ script ကို သုံးစွဲမှု မပြုတဲ့အတွက်၊ ကျွန်တော်တို့ အနေနဲ့ စိတ်ပူပန်စရာ မလိုပေမဲ့၊ Tor ကို တခြား ကိစ္စတွေအတွက် အသုံးပြုမယ် ဆိုရင်၊ ဒါဟာ အလေးအနက် စဉ်းစားရမဲ့ အရာ ဖြစ်လာတယ်။ Java ကို ပိတ်ချင်တယ် ဆိုရင် “Firefox -> Preferences -> Content” ကို သွားပြီး Enable Java ကို uncheck လုပ်လိုက်ပါ။



 
  • အကယ်လို့ သင်နေထိုင်တဲ့ နိုင်ငံတွင်းမှာ Tor ကို သုံးစွဲနေသူဟာ သင် တယောက်ထဲ ဖြစ်နေတယ် ဆိုရင်၊ ဒါဟာ ထင်သာမြင်သာ ရှိနေပြီ။ သုံးစွဲသူဟာ Tor nodes နဲ့ ဆက်စပ်တဲ့ IP လိပ်စာတွေကို အသုံးပြုနေသူပဲ ဖြစ်နေမှာ ဖြစ်တယ်။ အကယ်လို့ သင်ဟာ Tor ကို အသုံးပြုဖို့ စဉ်းစားနေတယ်၊ ISP က စစ်ဆေး သိရှိသွားမှာကိုလည်း စိုးရိမ်တယ် ဆိုရင်၊ တခြား မိတ်ဆွေ တဦးယောက်ကို Tor အသုံးပြုဖို့ တိုက်တွန်းနိုင်တယ်၊ ၄င်းကို စာဝှက် ရေးသားသူတွေက “cover traffic” လို့ ခေါ်တွင်တယ်။ Tor ကို ဘလော့ဂ် တင်ပို့ဖို့ သာမက၊ ကွန်ရက် စာမျက်နှာ အမျိုးမျိုးကို ကြည့်ရှုဖို့ အသုံးပြုနိုင်တယ်။ ဒီနေရာမှာ၊ Tor ကို အမည်ဝှက်ထားတဲ့ ဘလော့ဂ်မှာ တင်ပို့ချက်တွေ တင်ဖို့အတွက်သာမကပဲ တခြား ကိစ္စအတွက် အသုံးပြုနိုင်တာကို ပြညွှန်တယ်။ ISP ဆာဗာရဲ့ မှတ်တမ်း (logs) မှာ Tor ကို အသုံးပြုနေတဲ့ သုံးစွဲနေသူ တဦးတယောက်ဟာ မကောင်းတဲ့ အလုပ် လုပ်နေတယ်လို့ အလိုအလျှောက် ယူဆလို့ မရဘူး။

အမည်ဝှက်ခြင်းနဲ့ ပါတ်သက်တဲ့ နောက်ဆုံး သိထားရမဲ့ အချက် - နာမည်ဝှက်ဖို့ မလိုအပ်ဘူး ဆိုရင်၊ နာမည်မ၀ှက်ပါနဲ့။ အကယ်လို့ သင့်ရဲ့ နာမည်ဟာ သုံးစွဲနေတဲ့ စာလုံးတွေနဲ့ ဆက်စပ်မှု ရှိနေတယ် ဆိုရင်၊ လူတွေက သင်သုံးစွဲတဲ့  စာလုံးတွေကို အလေးအနက် ထားလာကြမှာ ဖြစ်တယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဆက်ပြီး အမည်ဝှက်ထားချင်ကြလိမ့်မယ်။ အဲဒီ အကြောင်းကြောင့် ဒီလမ်းညွှန်ချက် ပေါ်လာရခြင်း ဖြစ်တယ်။ ဒီလို နည်းပညာကို တကယ် မလိုအပ်ဘူး ဆိုရင်၊ အသုံးမပြုပါနဲ့။