RSS (Really Simple Syndication)

 

RSS feeds ဆိုတာ သင်နှစ်သက်တဲ့ ကွန်ရက် စာမျက်နှာတွေနဲ့ ဘလော့ဂ်တွေမှာ ပါရှိတဲ့ အကြောင်းအရာ အသစ်တွေ၊ ခေါင်းစဉ်တွေကို အလွယ်တကူ အမြဲတမ်း ခြေရာခံပြီး ဖေါ်ပြပေးနိုင်တဲ့ နည်းလမ်း တခု ဖြစ်တယ်။ RSS ဆိုတာ ကွန်ရက် စာမျက်နှာပေါ်မှာ အကြောင်းအရာ အသစ်တခု တင်ပို့တဲ့အခါတိုင်း သင့်ရဲ့ ပရိသတ်ဆီ updates တွေကို အလိုအလျှောက် ပေးပို့ပေးပြီး အဲဒီ တင်ပို့ချက် အသစ်ကို၊ သူတို့ရဲ့ ပင်မ စာမျက်နှာပေါ်မှာ ဖြစ်ဖြစ်၊ အလွယ်တကူ မြင်တွေ့နိုင်မှာ ဖြစ်တယ်။ လှုပ်ရှားမှု တခုခု (သို့) အရေးအခင်း တခုခု စတဲ့ အရေးကြီးတဲ့ အချိန်တွေမှာ လူတွေက သင့်ရဲ့ ကွန်ရက် စာမျက်နှာကို လာရောက် ကြည့်ရှုကြမှာ ဖြစ်တယ်၊ ဒီနည်းနဲ့ သင့်ရဲ့ လှုပ်ရှားမှုထဲမှာ သူတို့ကိုယ်တိုင် ပါဝင်လာအောင် အထောက်အကူ ပေးနိုင်တယ်။ သင့်ရဲ့ ကွန်ရက် စာမျက်နှာပေါ်မှာ RSS feeds ကို ထားရှိပါ။ CMS လို့ ခေါ်တဲ့ အကြောင်းအရာ စီမံခန့်ခွဲရေး နည်းစနစ် အများစုက ဒီ standard feature ကို ထည့်သွင်းထားကြတယ်၊ အခု အချိန်မှာ လူသုံးများတဲ့ အဓိက ဘလော့ဂ် ၀န်ဆောင်မှုတွေ အားလုံးမှာ RSS feeds ကို ပံ့ပိုးပေးနကြပြီ ဖြစ်တယ်။

အကယ်လို့ သင့်ရဲ့ ကွန်ရက် စာမျက်နှာမှာ ဘလော့ဂ် ၀န်ဆောင်မှု တခုခု (သို့) CMS တခုခုကို အသုံးမပြုထားဘူး ဆိုရင်၊ RSS feeds ကို ကိုယ်တိုင် ထည့်သွင်းနိုင်အောင် နည်းပညာဆိုင်ရာ အကူအညီတွေ ရယူဖို့ လိုအပ်လာလိမ့်မယ်။ သင့်ရဲ့ အကြောင်းအရာကို တခြား ကွန်ရက် စာမျက်နှာတွေမှာ ဖြန့်ဝေတဲ့ နေရာမှာ RSS ကို အသုံးပြုနိုင်တယ်၊ ဒီလိုနည်းနဲ့ သင့်ရဲ့ သတင်း ခေါင်းစည်းတွေကို ဒေါင်းလုဒ် လုပ်နိုင်မှာ ဖြစ်တယ်။ ဒါဟာ သင့်ရဲ့ အကြောင်းအရာတွေကို အလိုအလျှောက် မြှင့်တင် ကြော်ငြာနိုင်တဲ့ နည်းလမ်းကောင်း တခု ဖြစ်ပြီး၊ တခြား ကွန်ရက် စာမျက်နှာတွေပေါ်လည်း မြင်တွေ့နိုင်မှာ ဖြစ်တယ်။ ကွန်ရက် စာမျက်နှာ အများစုဟာ သတင်းတွေ (ဥပမာ အားဖြင့်၊ လူ့အခွင့်အရေးဆိုင်ရာ ပစ္စည်းကိရိယာများ) ကို စုစည်းထားပြီး ဖြန့်ဝေနိုင်ဖို့ RSS ကို အသုံးပြုကြတယ်၊ ဒီလိုနည်းနဲ့ လူထုက သူတို့ စိတ်ဝင်စားတဲ့ အမှုအခင်းတွေ အကြောင်းကို အမြဲတမ်း အလွယ်တကူ ရရှိနိုင်တယ်။

RSS ဟာ တခြားလူတွေက သင့်ရဲ့ ဒေတာတွေကို mash-ups လုပ်နိုင်အောင် လွယ်ကူစေတယ်၊ ဒီနေရာမှာ အရင်းအမြစ် နှစ်ခု (သို့) ဒီထက် ပိုများတဲ့ အရင်းအမြစ်တွေကနေ ရရှိတဲ့ ဒေတာတွေကို၊ ကင်ညာနဲ့ ဇင်ဘာဘွေ တို့မှာ တွေ့ရတဲ့ ဥပမာတွေအတိုင်း အကြောင်းအရာ တခုထဲမှာ စုစည်းထားတဲ့ နည်းလမ်း တခု ဖြစ်တယ်။