Tor ကို Install လုပ်ခြင်း

 

ဒီပရိုဂရမ်ကို Tor ကွန်ရက်စာမျက်နှာ ကနေ ဒေါင်းလုဒ် လုပ်ယူပါ။ အကယ်လို့ Tor ပင်မ ကွန်ရက် စာမျက်နှာကို သင်နေထိုင်တဲ့ နိုင်ငံမှာ ပိတ်ထားတယ် ဆိုရင်၊ သူ့ရဲ့ mirrors တချို့ကို ဒေါင်းလုဒ် လုပ်ယူနိုင်တဲ့ နေရာတွေ ရှိတယ်။ mirrors စာမျက်နှာကို တွေ့ရှိဖို့ Google cache ကို သွားပြီး "site:torproject.org mirrors" ဆိုပြီး ရိုက်ရှာလိုက်ပါ။ “တည်ငြိမ်တဲ့ နောက်ဆုံးထွက် ဗားရှင်း”ကို ရွေးပါ။ အဲဒီနောက် desktop ပေါ်မှာ ဒေါင်းလုဒ် လုပ်လိုက်ပါ။ ဒေါင်းလုဒ် လုပ်တဲ့ ဗားရှင်းရဲ့ ညာဖက်မှာ ပြထားတဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပါ။ ဆော့ဗ်ဝဲ packages နှစ်ခုကို install လုပ်ရမှာ ဖြစ်ပြီး၊ install လုပ်လိုက်တဲ့ Firefox အသစ်စက်စက်ထဲက settings တချို့ကို ပြင်ဆင်ဖို့ လိုတယ်။

 


 

 

သင် သုံးစွဲနေတဲ့ အင်တာနက်က Tor ကွန်ရက်စာမျက်နှာကို ပိတ်ထားတယ် ဆိုရင်၊ gettor [AT] torproject [DOT] org ဆီ အီးမေးလ် တစောင် ပေးပို့ပြီး bundle တခုကို တောင်းခံနိုင်တယ်။ gettor@torproject.org ဆီ Gmail ကို အသုံးပြုပြီး အီးမေးလ် ပေးပို့နိုင်တယ်။ ဒါမှမဟုတ်ရင် အကြောင်းပြန်ကြားမှာ မဟုတ်ဘူး။ အောက်မှာ ဖေါ်ပြထားတဲ့ package တွေထဲက တခုကို ယူပြီး၊ အဲဒီ package ရဲ့ အမည်ကို အီးမေးလ်ရဲ့ စာကိုယ် (body) ထဲမှာ ရေးထည့်ပါ။
 
  • tor-im-browser bundle
  • windows-bundle
  • panther-bundle
  • tor-browser bundle
  • source-bundle
  • tiger-bundle

အီးမေးလ် ပို့ပြီး ခဏအကြာမှာ၊ "Gettor" စက်ရုပ်ဆီက အီးမေးလ် တစောင် ရောက်လာမှာ ဖြစ်ပြီး တောင်းခံလိုက်တဲ့ ဆော့ဗ်ဝဲ ပါတဲ့ zip ဖိုင်တခု ပါလာမှာ ဖြစ်တယ်။ Package ပါတဲ့ zip ဖိုင်ကို ဖြည်ချပြီး လက်မှတ်ကို အတည်ပြုလက်ခံလိုက်ပါ။

ဘာကြောင့် သုံးစွဲရတာလဲ။

Tor ဆိုတာ ရှုပ်ထွေးတဲ့ proxy ဆာဗာတွေ ပါဝင်တဲ့ network တခု ဖြစ်တယ်။ proxy ဆာဗာတွေက သင် အသုံးပြုဖို့အတွက် ကွန်ရက် စာမျက်နှာတခုကို အကူအညီ တောင်းပေးလိုက်တယ်။ ကွန်ရက် ဆာဗာဟာ ကွန်ရက် စာမျက်နှာတခုကို ဖွင့်နေတဲ့ ကွန်ပျူတာရဲ့ IP လိပ်စာကို တွေ့ရမှာ မဟုတ်ဘူး။ Tor ကို အသုံးပြုတဲ့အခါ၊ ကွန်ရက် စာမျက်နှာ တခုကို ကြည့်ရှုနိုင်ဖို့ တခြား proxy ဆာဗာ သုံးခုကို အသုံးပြုရတယ်။ အဲဒီ စာမျက်နှာတွေကို ဆာဗာတွေကြား အကူးအပြောင်းကာလမှာ စာဝှက်ပေးထားတယ်။ အကယ်လို့ အချိတ်အဆက်ထဲက ဆာဗာ တခု (သို့) နှစ်ခု အန္တရာယ် ရှိလာတယ် ဆိုရင်၊ သင် ဖွင့်ကြည့်နေတဲ့ (သို့) တင်ပို့နေတဲ့ ကွန်ရက် စာမျက်နှာ ပေါ်လာဖို့ ခက်ခဲသွားမှာ ဖြစ်တယ်။
 

Tor ဟာ Browser ပေါ်က လုံခြုံရေး settings တွေကို ပိုမို အားကောင်းစေတဲ့ တခြား ဆော့ဗ်ဝဲ Privoxy ကို install လုပ်ပေးနိုင်တယ်။ သူက cookies တွေနဲ့ တခြား ခြေရာခံ ဆော့ဗ်ဝဲတွေကို ပိတ်ဆို့ပေးတယ်။ ပိုပြီး အဆင်ပြေစေတာက၊ ကွန်ရက် စာမျက်နှာတွေပေါ်မှာ မြင်တွေ့ရလေ့ရှိတဲ့ ကြော်ငြာ အတော်များများကိုလည်း ပိတ်ဆို့ပေးနိုင်တယ်။

ဂ) Torbutton ကို Install လုပ်ပါ။ သူ့အကြောင်းကို ဖတ်ရှုပြီး install လုပ်လိုက်ပါ။ installation စာမျက်နှာမှာ ပါတဲ့ ညွှန်ကြားချက်တွေကို လိုက်နာပါ။ Firefox ရဲ့ အကူအညီနဲ့ အလွယ်တကူ install လုပ်နိုင်မှာ ဖြစ်တယ်၊ အပေါ်မှာ ဖေါ်ပြတဲ့ အတိုင်း Firefox က သူ့ဟာသူ install လုပ်နိုင်အောင် ခွင့်ပြုချက် တောင်းခံလာလိမ့်မယ်။

 

ဘာကြောင့် သုံးစွဲရတာလဲ။


Tor ကို ကိုယ်တိုင်လက်နဲ့ ဖွင့်တယ် ဆိုတာ proxy ဆာဗာ တခုကို အသုံးပြုဖို့ browser preferences တွေကို ပြင်ဆင်တာကို ဆိုလိုတယ်။ ဒါတွေကို လုပ်ဖို့ သုံးစွဲသူတွေက မကြာခဏ မေ့တတ်ကြတဲ့အပြင်၊ အဆင့် အမျိုးမျိုး ပါဝင်တဲ့ လုပ်ငန်းစဉ် တခု ဖြစ်တယ်။ Torbutton ကို အသုံးပြုပြီး Mouse ခလုတ်ကို တချက် နှိပ်လိုက်ရုံနဲ့ လုပ်ငန်း စတင်လို့ ရတယ်။ တဆက်တည်းမှာ Tor ကို သင် အသုံးပြုနေတယ်၊ အသုံးမပြုဘူး စတာတွေကို သတိပေးနေမှာ ဖြစ်တယ်။

Tor ကို အသုံးပြုတဲ့အခါမှာ သင် သုံးစွဲနေတဲ့ ကွန်ရက်စာမျက်နှာ နှေးကွေးသွားတာကို သတိပြုမိမှာ ဖြစ်တယ်။ အကြောင်းကတော့ Tor ဟာ ကွန်ရက် ဆာဗာကို မရောက်ခင် proxies သုံးခုကို ဖြတ်သွားရတဲ့ အတွက် ဖြစ်တယ်။ ကိုယ့်ရဲ့ အချက်အလက်တွေကို ရုပ်ဖျက်ဖို့ အရေးကြီးတဲ့ အချိန်နေရာတွေမှာပဲ Tor ကို အသုံးပြုပါ။ မလိုအပ်တဲ့အချိန်မှာ ပိတ်ထားတာ သင့်တော်တယ်။

 

Firefox ထဲမှာ Tor ကို ဖွင့်ပြီး စမ်းသပ်ပါ


Tor ကို ဖွင့်နေတဲ့အချိန်မှာ၊ https://check.torproject.org/ ကို သွားပါ။ "Congratulations. You are using Tor. please refer to the Tor website for further information about using Tor safely." ဆိုတဲ့ စာတမ်းကို မြင်တွေ့ရပြီ ဆိုရင်၊ အစစအရာရာ မှန်မှန်ကန်ကန် install လုပ်လိုက်ပြီး ဖြစ်ကြောင်း ဖေါ်ပြတာ ဖြစ်တယ်။ ဒါဆို နောက်တဆင့်ကို ဆက်သွားလို့ ရပါပြီ။

 


 
ဒါမှမဟုတ် "Sorry. You are not using Tor. If you are attempting to use a Tor client, please refer to the Tor website and specifically the instructions for configuring your Tor client." ဆိုတဲ့ စာတမ်းကို မြင်တွေ့ရမှာ ဖြစ်တယ်။

 

ဘာကြောင့် သုံးစွဲရတာလဲ။


Install လုပ်လိုက်တဲ့ ဆော့ဗ်ဝဲကို အလုပ်ကောင်းကောင်း လုပ်မလုပ် အမြဲတမ်း စစ်ဆေးတာ ကောင်းတယ်၊ အထူးသဖြင့် Tor လို အရေးကြီးတဲ့ ဆော့ဗ်ဝဲ တခုခုကို စမ်းသပ်ကြည့်ဖို့ ကောင်းတယ်။ သင် ဖွင့်ကြည့်ဖို့ ကြိုးစားနေတဲ့ ကွန်ရက် စာမျက်နှာက တောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ သင့်ရဲ့ IP လိပ်စာကို စစ်ဆေးနေတယ်။ အကယ်လို့ သတ်မှတ်ထားတဲ့ Tor node တခုဆီက ရောက်လာတယ် ဆိုရင်၊ Tor ဟာ ပုံမှန် အလုပ်လုပ်နေမှာ ဖြစ်ပြီး၊ သင့်ရဲ့ IP လိပ်စာကိုလည်း ဖုံးကွယ်ပေးထားမှာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင်၊ တခုခု မှားယွင်းနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် Tor ပုံမှန် အလုပ်မလုပ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လိုတယ်။

Tor ကို ဆက်သွယ်လို့ မရရင် ဘာဆက်လုပ်ရမလဲ။

Tor network ကို ဆက်သွယ်တဲ့နေရာမှာ ပြဿနာ ရှိနေတယ် ဆိုရင် Tor ပုံမှန် အလုပ်မလုပ်တဲ့ ပြဿနာတွေနဲ့ ပါတ်သက်တဲ့ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းများကို ဖတ်ရှုပါ။ သင့်ရဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းက Tor network ကို ပိတ်ဆို့ထားတယ် ဆိုရင်၊ system tray မှာ မြင်တွေ့ရတဲ့ Vidalia ကြက်သွန်ပုံ icon လေးဟာ အ၀ါရောင်နဲ့ ပြနေတယ် ဆိုရင်၊ bridge relays ကို အသုံးပြုပါ။ ဒါဟာ Tor network ကို ဆက်သွယ်နိုင်တဲ့ နောက်အဆင့် ဖြစ်တယ်။

"Bridge relays (အတိုကောက်နဲ့ "bridges") တွေဟာ Tor replays တွေ ဖြစ်ကြပြီး Tor ရဲ့ ပင်မ directory ထဲမှာ ဖေါ်ပြမထားဘူး။ ထုတ်ပြန်ဖို့ စာရင်း အပြည့်အစုံ မရှိတဲ့အတွက်၊ အကယ်လို့ သင့်ရဲ့ ISP က သူ့ သိရှိတဲ့ Tor replays အားလုံးကို ပိတ်ထားတယ် ဆိုရင်တောင်၊ bridges အားလုံးကိုတော့ ပိတ်ဆို့နိုင်မှာ မဟုတ်ဘူး။ အကယ်လို့ သင် သုံးစွဲနေတဲ့ Tor network ဟာ အပိတ်ဆို့ ခံနေရတယ်လို့ သံသယ ရှိရင်၊ Tor ရဲ့ bridge feature ကို အသုံးပြုနိုင်တယ်။

Bridge ကို ရယူချင်တယ် ဆိုရင်၊ gmail အကောင့်ကနေတဆင့် body ထဲမှာ "get bridges" ဆိုပြီး ရေးထည့်လိုက်ပါ။ bridges@torproject.org အီးမေးလ် လိပ်စာကို လိပ်မူပြီး အီးမေးလ် တစောင် ပေးပို့လိုက်ပါ။ ပြီးတဲ့အခါ၊ bridges ပါတဲ့ စာတစောင်ကို ရရှိလာမှာ ဖြစ်တယ်။ bridges ကို ရယူနိုင်တဲ့ နောက်တနည်းကတော့ https://bridges.torproject.org/ ကို သွားပြီး Vidalia ရဲ့ control panel ကို ဖွင့်လိုက်ပါ၊ settings > network ကို သွားပြီး၊ "My ISP blocks connections to the Tor network"ကို နှိပ်ပါ။
Bridge လိပ်စာ တခုစီကို "Add a Bridge" window ထဲမှာ တခုချင်း paste လုပ်လိုက်ပါ။ ပြီးရင် "+" အမှတ် သင်္ကေတကို နှိပ်ပါ။